အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, August 15, 2012

ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ အကူအညီလိုအပ်နေ

ငါးသိုင်းချောင်းမြို့ပေါ်ရပ်ကွက် အချို့နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင်အဆက်မပြတ်
 ရွာသွန်းသော မိုးနှင့်     အတွင်းရေတက်လာပါသဖြင့် လူနေအိမ်များ ရေကြီးနစ်မြုတ်
လျှက်ရှိပါသည်။

ရေဘေးကယ်ဆယ်ရေးကြီးကြပ်မှုကော်မတီမှ ရေဘေးကယ်ဆယ်ရေးစခန်း (၇) ခု 
ဖွင့် လှစ်လျှက် ရေဘေးဒုက္ခသည်များ၏ အခက်အခဲများကို အုပ်ချုပ်ရေးအဖွဲ့အစည်း
များ ၊ လူမှုအဖွဲ့အစည်းများ ၊ ပါတီအဖွဲ့အစည်းများ ပူးပေါင်းလျှက် ဖြေရှင်းဆောင်
ရွက်ပေးလျှက်ရှိပါသည်။ ဧ၇ာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကြေးနှင့် ကယ်
ဆယ်ရေးပစ္စည်းများကို 14.08.2012 နေ့တွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဦးတင်စိုးနှင့်
အဖွဲ့မှ လာရောက်ကူညီသကဲ့သို့ မြို့ပေါ် မှစေတနာရှင်များ   မှာလဲ ငွေကြေးနှင့်
ဆန် အစရှိသောစားသောက်ကုန်ပစ္စည်းများကို ပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိပါသည်။

အမျိုးသားခန်းမတွင် ရေဘေး  ကယ်ဆယ်ရေးကြီးကြပ်မှုကော်မတီမှ ကယ်ဆယ်ရေး
စခန်းအသီးသီးရှိ   ရေဘေး   ဒုက္ခသည်များ  လက်ဝယ်   အရောက်  ကယ်ဆယ်ရေး
ပစ္စည်းများ ရောက်ရှိရေးအတွက်စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ရေဘေး  ဒုက္ခသည်
များ၏ လတ်တလောအခက်အခဲများ ဖြေရှင်းရေးတွင်လိုအပ်မည့် ဆန်နှင့်စားသောက်
ကုန်များ   ပံ့ပိုးနိုင်ရေး  အတွက် အမျိုးသား  ခန်းမတွင်   အလှူခံဌာန   ဖွင့်လှစ်လျှက် 
အလှူငွေနှင့် ပစ္စည်းများလာရောက်လှူတန်းနိုင်ရန်  စီစဉ်ဆောင်ရွက်လျှက်  ရှိပါသည်
 စေတနာရှင်များ လာရောက်လှူတန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

သတင်းရင်းမြစ်    သစ်ထူးလွင်     

ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ


ဆက်သွယ်လှူတန်းနိုင်ရန် ဖုန်းနံပါတ်များ
မြို့နယ်ခွဲ့အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး - ၀၉ ၄၉၇၀၁ ၉၇၆၇
ဦးကျော်ရှိန် - ၀၉ ၄၉၃၃၀ ၁၀၄
ဦးစိန်ဝင်း - ၀၄၆ ၆၀၁၉၆
ဦးထွန်းလင်းဦး - လူငယ်ပရဟိတအဖွဲ့ - ၀၉ ၄၉၇၅၀ ၇၃၂
ဦးစိုးဝင်း - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ၀၉ ၇၃၁၉ ၈၈၁၉
ဦးမြင့်ခင် - စေတနာလူမှုကူညီရေးအသင်း - ၀၉ ၄၉၇၅၀ ၂၉၉
ဦးမောင်မောင်သိန်း - ၀၉ ၈၅၈၃ ၁၄၀
ပြည်ခိုင်ဖြိုးပါတီ - ၀၄၆ ၆၀၁၈၅
ငါးသိုင်းချောင်း ရေဘေးဒုက္ခသည်များ

ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 

ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 

ရေမြုပ်နေတဲ့ ငါးသိုင်းချောင်းမြို့ 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။