အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, May 26, 2012

သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန္ဒပြသူတွေ ထိုးကြိတ်ခံရ


ပဲခူးတိုင်း သုံးဆယ်မြို့ မှာ လျပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန်ဒဖေါ်ထုတ်တဲ့ လူငယ်တွေကို စခန်းမှူးကိုယ်တိုင် ၀င်ရောက်ထိုးကြိတ်ခဲ့ကြောင်း အထိုးခံရတဲ့လူငယ်တွေက ပြောပါတယ်။

လူငယ်ငါးဥိး ဟာ မေလ(၂၄) ရက်နေ့ည ရှစ်နာရီခွဲလောက်က မီးထွန်းထားတဲ့ဖယောင်းတိုင်တွေ ကိုင်ဆောင်ပြိး သုံးဆယ်တံတားပေါ်မှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

သူတို့ကို ရဲတပ်ဖွဲ့ဝင် (၁၆) ယောက်က တားမြစ်ပြီး အရင်ထိုးကြိတ်ခဲ့တယ်လို့ ကာယကံရှင် ကိုအောင်မျိုးက ပြောပါတယ်၊ရဲအရာရှိ ဦးစိန်ထွေးနဲ့အတူ ပါလာ တဲ့ အရပ်ဝတ်တဦးကလည်း ၀င်ရောက်ထိုးကြိတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

 မြို့နယ်အဖွဲ့ချုပ် ခေါင်းဆောင် ဦးအောင်မြင့်ကတော့ မီးရရှိရေးဆန္ဒဖော်ထုတ်ခဲ့တဲ့လူငယ်တွေဟာ အန်အယ်ဒီအဖွဲ့ဝင်တွေ ဖြစ်တာကြောင့် အဲဒီကိစ္စကို အမှုဖွင့်တိုင်ကြားမယ်လို့ ပြောပြခဲ့ပါတယ်။

သတင်းရင်မြစ်း DVB

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။