H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရပုံကို တွေ့ ရစဉ် |
H-Pole ကွန်ကရစ်ဓာတ်တိုင်အမှတ်(၂၄၉)ဖျက်စီးခံရပုံကို တွေ့ ရစဉ် |
(၂၄၉)သည် (၂၅-၅-၂၀၁၂)ရက်နေ့ နံနက်ပိုင်းတွင် တိမ်းစောင်းနေကြောင်း
ဒေသခံများမှ မူဆယ်ခရိုင်လျှပ်စစ်ရုံးသို့ သတင်းပေးပို့ခဲ့ပါသည်။
H-Pole တိုင် အမှတ်(၂၄၉) အား စစ်ဆေးရာ သောင်းကျန်းသူများ ဖျက်ဆီးမှုကြောင့်
အောက်ခြေမှ တစ်ပေခွဲခန့် နေရာတွင် ပြတ်ကျပြီး အင်္ဂတေများ ပဲ့ကျကာ သံချောင်း
များ ကွေးလိမ်သွားခဲ့ပါသည်။
အခြားတစ်ဖက် ကွန်ကရစ်တိုင်တွင်လည်း မိုင်းဟုယူဆရသော မသင်္ကာဖွယ်ရာများ
တွေ့ရှိရသဖြင့် ရှင်းလင်းလျှက်ရှိပါသည်။
H-Pole ကွန်ကရစ် ဓာတ်တိုင်အား အမြန်ဆုံးပြုပြင်ရန်စီစဉ်လျှက်ရှိပါသည်။
သောင်းကျန်းသူများမှ တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခြင်းသည် လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးမှုကို ထိခိုက်လျော့နည်းမှုဖြစ်ပေါ်စေပြီး ပြည်သူလူထုအတွက် အခက်အခဲများ
ပိုမိုဖြစ်ပေါ်စေလျှက်ရှိကြောင်း အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ
သတင်းရရှိပါသည်။
သတင်းရင်းမြစ်း သစ်ထူးလွင်
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။