အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, August 16, 2012

ရန်ကုန်-ပုသိမ်ကားလမ်း ယာယီပိတ်

ပုသိမ်-ရန်ကုန် ကားလမ်းမအား ယမန်နေ့(သြဂုတ် ၁၅ရက်) နေ့လယ် ၁၁ နာရီမှစ၍
ယာယီပိတ်လိုက်ကြောင်း သတင်းရရှိသည်။

 
"တိုင်းဝန်ကြီးချုပ်က ပိတ်ခိုင်းတယ်ဆိုပြီး ယာဉ်ပိုင်ရှင်များအသင်းက အကြောင်းကြား
လာတာပါ" ဟု အောင်မင်းစိန်ယာဉ်လိုင်းမှ ပိုင်ရှင် ကိုအောင်အောင်ကပြောသည်။

သို့သော် နရ၀တ်၊ နီလာဝင်းနှင့်   မြင့်  ခရီးသည်တင်   ကားများမှာ ပြေးဆွဲပေးနေပြီး
 ရေကြီးသောနေရာတွင် လှေများဖြင့် ကူးပေးကြောင်း န၀ရတ်ကားဂိတ်မှ တာဝန်ရှိသူ
တစ်ဦးကပြောသည်။ပုသိမ်မြို့မှ မိုင်တိုင် ၂၀ မှ ၂၇  မိုင်ကြားတွင် ရေကြီးပြီး ရေကျော်
နေသဖြင့် သြဂုတ်လ ၁၄ရက်မှစ၍ ည ၈နာရီမှ နံနက် ၅နာရီအတွင်း ကားသွားလာခွင့်
 တားမြစ်ထားသည်။ပုသိမ်မြို့တွင် ရေကြီးနေသဖြင့် မြို့ပေါ်ရပ်ကွက်ရှစ်ခုတွင် ရေဘေး
ဒုက္ခသည် ၅၀၀၀ ခန့်ရှိနေကြောင်း ပုသိမ်ဒေသခံ ၈၈ ကျောင်းသားအဖွဲ့မှ ကိုဝေလုက
က ပြောသည်။

 ဧရာဝတီတိုင်းအတွင်း ရေကြီးနေသဖြင့် မြို့နယ် ၁၅မြို့နယ်မှ စာသင်ကျောင်းပေါင်း
၄၁၁ ကျောင်း ပိတ်ထားပြီး၊ ပုသိမ်မြို့ တစ်မြို့တည်းတွင် ကျောင်းပေါင်း ၄၈ ကျောင်း
ပိတ်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူကလည်း
ပြောသည်။

သတင်းရင်းမြစ်   7 days News   

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။