မဇ္ဈိမသတင်းဌာန ။ ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော လူမျိုးရေး
အကြမ်းဖက် တိုက်ခိုက်မှု
များသည် ယခုအခါ လူအခွင့်အရေးနှင့် လူသားဆိုင်ရာ
အကြပ်အတည်းတခု ဖြစ်လာခဲ့သော်လည်း
ထိုက်သင့်သော နိုင်ငံတကာ၏ အာရုံစိုက်မှုကို
မရရှိခဲ့ကြောင်း Burma Campaign (UK) ၏
အင်္ဂါနေ့က ကြေညာချက်
ထုတ်ပြန်လိုက်သည်။
လက်ရှိ အကြပ်အတည်းသည် မြန်မာအစိုးရ ခေါင်းဆောင်ပြုလုပ်နေသည့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်
လက်ရှိ အကြပ်အတည်းသည် မြန်မာအစိုးရ ခေါင်းဆောင်ပြုလုပ်နေသည့် ရိုဟင်ဂျာများအပေါ် ဖိနှိပ်
သည့် အဖြစ်သို့ပြောင်းလဲသွားခဲ့ကြောင်း ဤကြေညာချက်တွင် ရေးသားထားသည်။

Burma Campaign (UK) ၏ အမှုဆောင် ညွှန်ကြားရေးမှူး အန်နာရောဘတ်
(ဓါတ်ပုံ :: Facebook)
ရဲ တပ်ဖွဲ့ဝင်များ၊
လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်သားများက ရိုဟင်ဂျာ အရပ်သား များကို
အဓမ္မပြုကျင့်ခြင်း၊ လုယက်ခြင်း၊ ရိုက်နှက် ညှဉ်းပန်းခြင်းနှင့် အရမ်း ကာရော သတ်ဖြတ်ခြင်း
များကို ကျူးလွန်ခဲ့ကြောင်းလွန်ခဲ့သော ရက်သတ္တပတ်များ အတွင်း သတင်းများ ရရှိထားသည်
ဟု BC (UK) က ပြောသည်။
ဟု BC (UK) က ပြောသည်။
ဒုက္ခသည် စခန်းများတွင်လည်း လုံလောက်သော စားနပ်ရိက္ခာနှင့်ဆေးဝါးကုသပေးမှုများ မရှိ
ကြောင်းလည်း သတင်းများ ရရှိထားသည်ဟု သူတို့က ဆိုသည်။
“အရေအတွက် မသိရသည့် ထောင်ပေါင်း များစွာသော လူများသည် ဘင်္ဂလားဒေ့ရှ်နို င်ငံသို့
“အရေအတွက် မသိရသည့် ထောင်ပေါင်း များစွာသော လူများသည် ဘင်္ဂလားဒေ့ရှ်နို င်ငံသို့
ထွက်ပြေး ဝင်ရောက်ခဲ့ကြပြီး သူတို့သည် အကာအကွယ်ပေးမှု သော်လည်းကောင်း၊ အကူ
အညီ အထောက်အပံ့သော်လည်းကောင်း မရရှိခဲ့ကြဘဲ ထောင်ပေါင်းများစွာသည် ဘင်္ဂလာဒေ့ရှ်
အာဏာပိုင်များက နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်ကာသေနတ်နှင့်ချိန်၍ ပြန်လည် နှင်ထုတ်ခြင်း
ကို ခံခဲ့ရသည်” ဟု ကြေညာချက်တွင် ရေးသားထားသည်။
ဒေသန္တရ အာဏာပိုင်များသည် ရိုဟင်ဂျာ အများအပြားကို သူတို့၏ ကျေးရွာများ၊ ဈေးဆိုင်များ၊
အိမ်များသို့ ပြန်လည် ဝင်ရောက်ခွင့် မပြုခဲ့ဘဲ ယင်းသည်
ဒေသအတွင်း ရိုဟင်ဂျာလူမျိုး `သန့်စင်ရေး´
ရည်ရွယ်ပြုလုပ်သည့် မူဝါဒတရပ် လည်း
ဖြစ်ကြောင်း BC (UK) က ပြောဆိုထားသည်။
သမ္မတ ဦးသိန်းစိန် က လူမျိုးသန့်စင်ရေး ပြုလုပ်ရာရောက်သည့် မူဝါဒတရပ်ကို တင်ပြခဲ့ပြီး ယင်း
မူဝါဒ အရ ရိုဟင်ဂျာ များကို မြန်မာနိုင်ငံမှ ရှင်းလင်း ဖယ်ရှားပြီး
တတိယနို င်ငံသို့ ပို့ဆောင်
ပေးရေး စီစဉ်ပေးရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့ သည်။
“ယင်းသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အလွန် စိုးရိမ်ဖွယ်ရာ ကောင်းသည့်
“ယင်းသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အလွန် စိုးရိမ်ဖွယ်ရာ ကောင်းသည့်
အခြေအနေတရပ် ဖြစ်ပြီး အခြေအနေမှာ အလွန်လျှင်မြန်စွာပင် ယိုယွင်းလာနေသည်” ဟု
BC
(UK) ၏ အမှုဆောင်ညွှန်ကြားရေးမှူး အန်နာရောဘတ် က ပြောသည်။
“ဤသို့သော အတိုင်းအတာဖြင့် ဖြစ်ပွါးနေသော အကြပ်အတည်းတွင် မျှော်လင့်ထားအပ်သည့် နိုင်ငံ
“ဤသို့သော အတိုင်းအတာဖြင့် ဖြစ်ပွါးနေသော အကြပ်အတည်းတွင် မျှော်လင့်ထားအပ်သည့် နိုင်ငံ
တကာ၏ တုံ့ပြန်မှု မျိုးကို မရရှိခဲ့ပါ။ အကူအညီ အထောက်အပံ့များ
ပေးအပ်နိုင်ရေး၊ ဖမ်းဆီးခြင်း
များနှင့် လူ့ အခွင့်အရေး ချိုးဖောက်မှုများ ကို ရပ်တန့် နိုင်ရေး၊ လူများကို သူတို့ နေအိမ်များသို့
လုံခြုံစွာ
ပြန်ခွင့်ပြုနိုင်ရေးတို့အတွက် လိုအပ်သော အရေးယူဆောင်ရွက် မှုများကို ပြုလုပ်ရန်လို
အပ်ပါသည်” ဟု ရေးသားထားသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများကို ပြည်တွင်းတွင် သိရှိကာ အရေး
တယူ ရှိလာရေး အတွက် ဗြိတိန်နိုင်ငံအနေဖြင့် သမ္မတ ဦးသိန်းစိန်ကို
ဗြိတိန်နိုင်ငံသို့ လာရောက်
လည်ပတ်ရန် ဖိတ်ကြားထားချက်အား ပြန်လည် ရုတ်သိမ်းသင့်ကြောင်း ရောဘတ် က ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်းကို
နိုင်ငံတကာ အသိုင်း အဝိုင်းက အရေးတယူ ရှိလာရေး လှုပ်ရှားဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံ
အနေဖြင့် ဦးဆောင် ပါဝင်သင့်ကြောင်း လည်း သူ ကပြောသည်။
သို့သော် အစိုးရသည် အပြု
သဘော ဆောင်သည့် သတင်းများအပေါ်တွင်သာ
ပိုမိုအာရုံစိုက်နေပုံရပြီး ဝန်ကြီးများ အနေဖြင့်လည်း
လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ဝေဖန်ပြောကြားမှုများမှာလည်း ရှားရှားပါးပါးသာ
ရှိသည်ဟု
သူက ဆိုသည်။
“ဤသို့ ပြုလုပ်ခြင်းဖြင့် ရိုဟင်ဂျာများကို ဝိုင်းဝန်းဖမ်းဆီးပြီး တိုင်းပြည်တွင်းမှ နှင်ထုတ်ရေး ဆောင်ရွက်
နေသည့် သမ္မတ
ဦးသိန်းစိန်ကို ပိုအားရှိသွားအောင်လုပ်ပေးလိုက်သလို ဖြစ်မည်မှာ
သံသယဖြစ်
စရာ မလိုပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ချက်ချင်းအရေးယူ
ဆောင်ရွက်ခြင်း မရှိပါက အခြေအနေ
သည် ဆက်လက်ဆိုးရွားနေမည်သာ ဖြစ်သည်” ဟု အဆိုပါ ကြေညာချက်တွင် ရေးသားထားသည်။
သတင်းရင်းမြစ်
း မဇ္ဈိမ
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။