အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, June 22, 2012

ပြင်းထန်သည့် တိုက်ပွဲကြောင့် ဦးသိန်းဇော် နှင့် ဆွေးနွေးရန် SSPP ပြင်ဆင်


၃-၄ ရက်ဆက်တိုက် အစိုးရတပ်အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေမှု အပေါ် ငြိမ်းချမ်းေ သာနည်း လမ်းဖြင့် ဖြေရှင်းရန် သျှမ်းပြည်တပ်မတော်ခေါင်းဆောင်ပိုင်းအချို့  အစိုးရ၏ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးသိန်းဇော် နှင့်တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု သိရပါသည်။
theinzaw

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီ ဒုတိယ ဥက္ကဌ (၃) ဦးသိန်းဇော်( ဓါတ်ပုံ- မဇ္ဈိမ)

“မနေ့တုန်းက အစိုးရတပ်အပြင်းအထန်ထိုးစစ်ဆင်တယ်၊ ကျနော်တို့ရဲ့ ရှေ့တန်း ကင်းစခန်း တဆင့် ဆုတ် ပေးတယ်၊ ဒါတောင်အစိုးရတပ်ကျနော်တို့ တပ်စခန်းဆီကို လက်နက်ကြီးနဲ့ တညလုံးထုနေ တုန်းဘဲ။ ငြိမ်းချမ်းရး လိုချင်လို့အပစ်ရပ်တာဘဲဗျာ။ ပြေလည်အောင်ဆွေးနွေးဖို့ ဒီကနေ့ ကျနော်တို့ ဦးသိန်းဇော် နဲ့တွေ့ဖို့ ချိန်းဆိုထားတယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဂျွန် ၂၂ ယနေ့ နံနက်ပိုင်း၌ သျှမ်းပြည်တပ်မတော် ခေါင်းဆောင်ပိုင်းအချို့ဖြစ်သည့် စဝ်ခွန်ဆိုင်၊ စဝ်နော် လိတ်၊စဝ်ကျော်လှ၊ဗိုလ်မှူးခေးမောဝ်းတို့ကိုယ်စားလှယ်အဖွဲ့မန္တလေးမြို့သို့ရောက် ရှိနေကြောင်း နေပြည်တော်
ရှိနေကြောင်း၊ နေပြည်တော် မှလာမည့်ဦးသိန်းဇော်နှင့် မန္တလေးမြို့၌ တွေ့ဆုံရန်ချိန်းဆို ထားခြင်းဖြစ်ကြောင်း ကြားသိရပါသည်။

“၁၇ ရက်နေ့က စတဲ့တိုက်ပွဲက ၁၈ ရက်တရက်ထဲ  နားတယ်။ အဲဒါသူတို့တောင်းဆိုချက်ကြောင့် ဗျူဟာမှူးက စစ်ဖြစ်နေတဲ့ နေရာကို လာရောက်စစ်ဆေးမယ်ပြောလို့ ကျနော်တို့လဲ အပစ်အခတ်မလုပ်ဘူး။  ဗျူဟာမှူးဝင် ရောက်စစ်ဆေးဖို့သဘောတူတယ်။ အပစ်အခတ်လဲမလုပ်ဘူး။ အဲဒါဗျူဟာမှူး တပ်အင်အား နှစ်ရင်း ထပ်ခေါ် လာတယ်။ ၁၉ ရက် ညနေပိုင်း တိုက်ပွဲပြန်စတယ်။ ၂၀ ရက် ၂၁ ရက် လူအင်အားနဲ့တက်တိုက်တယ်။ ကျနော်တို့စခန်းဆီကို လက်နက်ကြီး မရပ်မနား ပစ်တယ်” - ဟု ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

ဇန္နဝါရီ ၂၈ ရက် ပဏာမအဆင့်၊ ပြည်ထောင်စုအဆင့် သဘောမတူညီမှု မရမှီ အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ် စားလှယ် ဦးသိန်းဇော်က အပစ်ရပ်သဘောတူညီမှုရရှိပြီး ၅ ရက်အတွင်း SSPP/SSA နယ်မြေ ကပ်လျက် ရှေ့တန်းတပ်များအားလုံးတပ်ရုပ်ပေးပါမည်ဟု ကတိစကားပေးဖူးသော်လည်း ယနေ့တိုင် တပ်မရုပ်သည့် အပြင်  ယခုကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်မှု  လုပ်လာခဲ့သည်ဟု ဆက်ပြောပါသည်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် သည် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီအသစ် ပြန်လည်ဖွဲ့စည်းရာ၌ ဒုတိယ ဥက္ကဌ (၃) အဖြစ်တာဝန်ယူထားသည့် ပုဂ္ဂိုလ်ဖြစ်သည်။

သတင်းရင်းမြစ်း  သျှမ်းသံတော်ဆင့်       

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။