မြန်မာအစိုးရနှင့်
ပြည်ထောင်စုအဆင့်အပစ်ခတ်ရပ်စဲရေးသဘောတူညီထားသည့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
(KNPP) ၏ ဆက်ဆံရေးရုံးများအားဇူလိုင်လအတွင်း တရားဝင် ဖွင့်လှစ်တော့မည်
ဖြစ်သည်။
“အားလုံးအတွက်နေရာတွေကတော့
ကျွန်တော်တို့ စီစဉ်ထားပြီးသွားပါပြီ၊နေ့ရက်က ဘယ်နေ့ဖွင့်ဖြစ် မလဲဆိုတာတော့
မဆုံးဖြတ် ရသေးဘူး။ ဒီလအတွင်းမှာပဲဆက်ဆံရေးရုံး(၃)ခုကို
တရားဝင်ဖွင့် မှာတော့ သေချာပါတယ်”ဟု KNPP( Karenni National Progressive
Party) အတွင်းရေးမှူး ခူးဦးရယ် က ပြောသည်။ လွိုင်ကော်မြို့တွင်
ဆက်ဆံရေးရုံးချုပ်အဖြစ်ဖွင့်လှစ်ပြီးရှားတောနှင့်ဖားဆောင်းမြို့များတွင်
ရုံးခွဲအဖြစ် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရုံးချုပ်တွင်
KNPP
ဗဟိုကော်မတီဝင်ခူဒယ်နီယာနှင့်ကရင်နီပြည်တပ်မတော်စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်
တို့နှစ်ဦးအားကြီးကြပ်သူများအဖြစ်ထားရှိမည်ဖြစ်ကြောင်းနှင့်
ရှားတောရုံးတွင် ဗဟိုကော်မတီဝင် ခူးညေးရယ်နှင့် ဖားဆောင်းရုံးခွဲတွင်
ပြည်ထဲရေးဌာနမှပဒိုဦးကွယ်တို့အား ထားရှိမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“တခြားရုံးဝန်ထမ်းတွေအနေနဲ့တော့
ကျွန်တော်တို့တပ်မှူးအပါအ၀င်၊တပ်သားတွေ7zg==O?YgKgပါ၊ နောက်ပြီး ဒေသခံ
တွေကိုလည်းဝင်လုပ်ခွင့်ပြုဖို့ ရှိပါတယ်”ဟု ခူးဦးရယ်က ဆက်ပြောသည်။
ဆက်ဆံရေးရုံးများ
ဖွင့်လှစ်ပြီးပါက KNPP လုပ်ဆောင်ရမည့်လုပ်ငန်းများ၊အစိုးရနှင့်
ပူးပေါင်းလုပ်ဆောင် သွားမည့် လုပ်ငန်းများ၊ ဒေသခံလူထုမှလာရောက်ပေးအပ်မည့်
လုပ်ငန်းများကို ဆက်ဆံရေးရုံးများမှ တဆင့် အဓိကလုပ်ဆောင်သွားမည်ဟု၍လည်း
သိရသည်။
KNPP
သည်
ပြီးခဲ့သည့်မတ်လ(၇)ရက်နေ့ကကယားပြည်နယ်လွိုင်ကော်မြို့ပြည်နယ် ဧည့်ရိပ်သာ ကန္တာရ ၀တီ ခန်းမတွင်
အစိုးရရထား ပို့ဆောင်ရေး
ဝန်ကြီးဦးအောင်မင်းဦးဆောင် သည့်ငြိမ်းချမ်းရေးဖော်ဆောင်
ရေး ကိုယ်စားလှယ်
အဖွဲ့တို့သည် ပြည်နယ်အဆင့် ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့သလို ဇွန် လ
(၉)ရက်နေ့တွင် ထပ်မံ၍ပြည်ထောင်စုအဆင့် ထပ်မံ တွေ့ဆုံခဲ့ကြသည့် အဖွဲ့အစည်းလည်းဖြစ်သည်။
သတင်းရင်းမြစ်း Shwe Myitmakha Media Group
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။