အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး
Monday, July 23, 2012
အာဇာနည်နေ့ သတင်းမပို့ တဲ့ အုပ်ချုပ်ရေးမှူး အရေးယူခံရ
ကျောက်ဆည်မြို့  စုကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ရီအား မြို့နယ် အုပ်ချုပ်
ရေးမှူးမှ ရုံးမိန့်တစ်ထိုင်နှင့် ခံဝန်လက်မှတ်ရေးထိုးပြီးအရေးယူခံခဲ့ရပါတယ်။
 ဖြစ်စဉ်မှာ ကျောက်ဆည်မြို့ အမျိုးသားဒီမိုကရေစီလူငယ်များကျင်းပခဲ့သော ဇူလိုင်(၁၉)
အာဇာနည်နေ့အခမ်းအနားကို စုကြီးရပ် ရွှေလှံထောင်ကျောင်းတွင်ကျင်းပခဲ့ခြင်းအပေါ်
သတင်းပေးပို့ခြင်းမရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်းသိရပါတယ်။
ယခုကဲ့သို့ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော အာဇာနည်နေ့ကြီးများ၏ အောက်မေ့ဖွယ်
အခမ်းအနားများကို အောက်ခြေ   (မှဟုဆိုသော်လည်း အထက်မှ အမိန့်ပေးမှုမရှိပဲ)
လိုက်လံ  နှောင့်ယှက်  ဟန့်တားခြင်းမှာ တစ်နိုင်ငံလုံးနှင့် အာဇာနည်ကြီးများ  ကိုပါ
 စော်ကားနေခြင်းပင်ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
သတင်းရင်းမြစ်    သစ်ထူးလွင်     
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။