အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, July 23, 2012

ဟိုတယ်အခန်းခဈေးနှုန်းကြီးမြင့်မှု ထိုင်းနိုင်ငံမှ မြန်မာသံရုံးသို့တိုင်ကြားစာပေးပို့

အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ် ပါက မြန်မာနိုင်ငံ၏ ဟိုတယ်အခန်း ခဈေးနှုန်းမြင့် မား
မှုကြောင့် လာရောက် တည်းခိုသူများက မကျေနပ်ကြ၍ ထိုင်းနိုင်ငံ ရှိမြန်မာသံရုံးတွင် 
တိုင် ကြားစာများပေး ပို့ထားကြောင်းပြည် တွင်းခရီးသွားကုမ္ပဏီများထံမှသိရ သည်။

မကြာသေးခင်  ကာလက ထိုင်း ဧည့်သည်များ  လာရောက်တည်းခိုရာ တွင် ဟိုတယ် 
အခန်းခနှုန်းများမှာ မြင့်မားနေပြီး ပေးဆောင်ခဲ့သည့်တန် ဘိုးနှင့် မမျှတ၍ ဧည့်သည်
များက မကျေနပ်ကာထိုင်းနိုင်ငံရှိ မြန်မာသံ ရုံးတွင် ပေးပို့ထားမှုများပြားနေ ကြောင်း 
ရုရှားမားကတ်လုပ်ကိုင် သည့်ခရီးသွားကုမ္ပဏီတစ်ခုမှ တာ ၀န်ရှိသူတစ်ဦးကပြောကြား
သည်။

ယခုကဲ့သို့ ဈေးနှုန်းမြင့်မားမှု ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအား ထိခိုက်စေနိုင်
ကြောင်း၊ ယ ခုဝင်ရောက်လာသည့်  ဧည့်သည်များ သည် စီးပွားရေးလုပ်ငန်းရှင်များသာ 
အများဆုံးဖြစ်နေကြောင်း၊ထို့ကြောင့် ၎င်းလုပ်ငန်းရှင်များသည် ဈေးကြီး သော ဟိုတယ်များ
တွင်တည်းခိုမှုကြောင့် ယခုကဲ့သို့ အခန်းခဈေးများ မြင့်တက်  လာရခြင်းဖြစ်ကြောင်း ခရီး
သွားလုပ်ငန်းရှင်များကပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ဟိုတယ် အခန်းခနှုန်းထားများအား ဒေါ်လာ ၁၅၀ ထက်မတက်ရန်
ညွှန်ကြားထား သော်လည်း လက်ရှိတွင် FDI ဟို တယ်ကြီးများမှ ဒေါ်လာ၂၀၀ကျော် ထိ 
ကောက်ခံ မှုများရှိနေကြောင်းဧည့် လမ်းညွှန်တစ်ဦးကပြောကြားသည်။

“အခန်းခဈေးတွေတက်၊ Contract တွေမပေးလို့ဝန်ထမ်းအင် အားလျော့ချရတယ်၊ တစ်ချို့
ကုမ္ပဏီတွေဆိုရင် ရပ်နားရတဲ့အနေအ ထားတွေရှိနေပြီ”” ဟု ကျောက်တံတားအခြေစိုက် 
ခရီးသွားကုမ္ပဏီ  တစ်ခုမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
 
သတင်းရင်းမြစ်   Myanmar Post
 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။