အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, August 13, 2012

လျှပ်စစ်မီးသတင်း အထောက်အထား မှန်ကန် ခိုင်လုံဟု 7Day ပြော

ရန်ကုန် (မဇ္ဈိမ) ။     ။ လူကြိုက်များသော ဂျာနယ်တခုဖြစ်သည့်  7 Day တွင် ဖော်ပြခဲ့သည့် 
လျှပ်စစ်မီးနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို မမှန်မကန် မှားယွင်းဖော်ပြသည်   ဆိုသည့် 
ကုမ္ပဏီတခု၏ စွပ်စွဲမှုနှင့်ပတ်သက်၍ ၎င်းတို့ တင်ပြသည့်သတင်းမှာ အထောက်အထား ပြည့်
စုံပြီး မှန်ကန်၊ ခိုင်လုံမှုရှိသည်ဟု ဂျာနယ်တာဝန်ရှိသူတဦးက တုန့်ပြန် ပြောဆိုလိုက်သည်။

“အမှုကိစ္စအတွက်တော့ ခုမှ တိုင်ပင်နေတုန်း။ ပြင်ဆင်နေတုန်းပါပဲ။ ဂျာနယ်ဘက်ကတော့ 
သတင်းက မှန်ကန်မှုရှိတယ်၊ ခိုင်လုံမှုရှိတယ်၊ အထောက်အထားတွေ အကုန်ရှိတယ်။ ဘာ
အကြောင်း တစုံတရာနဲ့မှ တောင်းပန်မှာ မဟုတ်ပါဘူး” ဟု 7  Day ဂျာနယ် တာဝန်ရှိသူက
 မဇ္ဈိမကို ပြောသည်။

7day-electric-post
မုံရွာမြို့နယ်အတွင်းရှိ ခေတ္တာက္ကန်(မြောက်) ရွာတွင် ဖွံ့ဖြိုးမြန်မာကုမ္ပဏီ၏ ဆောင်ရွက်
ချက်ကို “ကျေးရွာ လျှပ်စစ်မီးလင်းရေး လေးနှစ်ကြာသော်လည်း လျှပ်စစ်မီးမရဘဲ မီတာ 
 လျှောက်ထားသူများသာ အကြွေးတင်” ဟူသည့် ခေါင်းစဉ်ဖြင့် ဇွန်လအတွင်း ထုတ်ဝေ
သည့် 7Day ဂျာနယ်တစောင်တွင် ဖော်ပြပါရှိခဲ့ရာ ထိုသတင်း မှားယွင်းသည်ဟု ဆိုကာ 
ကုမ္ပဏီဘက်မှ တွေ့ဆုံညှိနှိုင်းလိုကြောင်း နိုင်ငံပိုင် သတင်းစာမှ တဆင့် တနင်္ဂနွေနေ့က
ကြေညာခြင်းကို ဂျာနယ်က တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

ကုမ္ပဏီ၏ ကြေညာချက်တွင် သတင်းရေးသားသူ သတင်းထောက်အနေနှင့် နှစ်ပတ်
အတွင်း လာရောက်တွေ့ဆုံရန်တောင်းဆိုထားသည်။

“သူတို့ဘက်က နှစ်ပတ်နေလို့မှ ဘာမှ အကြောင်းပြန်တာမျိုးမရှိရင် တရားရုံးမှာပဲ ရင်ဆိုင်
သွားမှာပါ။ သူတို့ဘက်ကတော့ ခုချိန်ထိ ဆက်သွယ်လာတာမျိုး မရှိသေးပါဘူး” ဟု ဖွံ့ဖြိုး
မြန်မာ ကုမ္ပဏီ၏ အင်ဂျင်နီယာ(စီမံ) ဦးတင်ကိုသန့် က မဇ္ဈိမကို ပြောသည်။

ခေတ္တာက္ကန်ရွာမှ လယ်မားများသည် မီတာ တလုံးအတွက် ကုန်ကျစရိတ် ခြောက်သိန်းကို
 လယ်မြေများ ပေါင်နှံကာ လျှပ်စစ်မီး သုံးစွဲခွင့် ရရှိရေး ဖွံ့ဖြိုးမြန်မာကုမ္ပဏီသို့ ပေးသွင်းခဲ့
သော်လည်း လျှပ်စစ်မီးမရဘဲ လယ်မြေများဆုံးရှုံးကာ အကြွေး တင်နေကြသည်ဟု ဂျာနယ်
က ရေးသားထားသည်။

ထိုရေးသားမှုနှင့် ပတ်သက်၍ သတင်းထောက်သည်    ကုမ္ပဏီနှင့် ကျေးရွာ  မီးလင်းရေး
 ကော်မတီသို့ လာရောက်တွေ့ဆုံ၍ သတင်းအတည်ပြုချက် ရယူခဲ့ခြင်းမရှိဘဲ မီးလင်းရေး
 ကော်မတီနှင့် ကုမ္ပဏီတို့ကြား အသုံးပြုထားသည့်ငွေကြေးများမှာလည်း လွန်စွာကွာဟ၍ 
မှားယွင်းနေကြောင်း၊ ဖွံ့ဖြိုးမြန်မာ ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ခေတ္တာက္ကန်(မြောက်)ရွာ မီးလင်းရေးအတွက် ကျပ်ငွေ ၁၄၂ သန်း ကုန်ကျနိုင်သည် ဟုလည်း 
မြို့နယ် လျှပ်စစ် အင်ဂျင်နီယာဌာနကို ကိုးကား၍ 7Day ဂျာနယ်က ရေးသားထားသည်။ 
သတင်းရင်းမြစ်    မဇ္ဈိမ             

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။