အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, August 13, 2012

ကျောင်းစဖွင့်ချိန်နှစ်လခွဲခန့်ကြာပြီးမှ မောင်တောတွင် ကျောင်းများစတင်ဖွင့်လှစ်နိုင်





DSC03200 copy

















ရခိုင်တွင် ဆူပူအကြမ်းဖက်မှုကြောင့် အခြားမြို့နယ်များတွင် ပိတ်ထားသော ကျောင်း
များအား ယခင်လမှ ဖွင့်နိုင်ခဲ့သော်လည်း မောင်တောမြို့ရှိ ကျောင်းများကို ယခုလ(၁၃)
ရက်နေ့မှ စတင်ကာကျောင်း (၇) ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မောင်တောတွင်အထက(၅)ကျောင်း၊ အထက-ခွဲ(၃)ကျောင်း၊ အလက(၈)ကျောင်း၊ 
အလက-ခွဲ(၂) ကျောင်း၊ အလက- တွဲ(၁)ကျောင်း၊ မူလွန်(၁၇)ကျောင်း၊ အမက(၁၂၃)
ကျောင်းရှိရာ ယခုလ(၁၃)နေ့တွင် မြို့ပေါ်အထက၊ အမက(၁)၊ အမက(၃)၊ အမက(၄)၊
 လေးမိုင်အလက(၂)၊ ကျီးကန်းပြင် အလကကျောင်းပေါင်း (၇)ကျောင်းတို့ကို ယနေ့တွင်
ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

စာသင်ချိန်ကိုလည်း ရခိုင်များအားနံနက်ပိုင်း၊ ဘင်္ဂလီများကိုညပိုင်း၊ အချိန်ခွဲကာသင်ကြား
သွားမည်ဖြစ်ပြီး တက်ရောက်လာသော ဘင်္ဂလီကျောင်းသားများအား ဆူပူအကြမ်းဖက်မှု 
မပြုလုပ်ရန် ကတိခံဝန်ချက်လက်မှတ်ထိုးကာ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်း
ရရှိသည်။

" မောင်တောမှာ ဆူပူအကြမ်းဖက်မှုကြောင့် ကျောင်းဆရာတစ်ဦး အသတ်ခံခဲ့ရတယ်၊ 
အခြားမြို့တွေက တာဝန်ကျနေတဲ့ ဆရာ၊ဆရာမတွေဆိုရင် ကုလားတွေကို ကြောက်
လို့မလာရဲကြတော့ဘူး၊ ကျောင်းတွေအားလုံးကို ဖွင့်နိုင်ဖို့ကလည်း ကျောင်းတိုင်းမှာ 
လုံခြုံရေးတွေအပြည့်အ၀ရရှိဖို့ လိုတယ် "ဟု ကျောင်းဆရာတစ်ဦးက ပြောသည်။

ကျောင်းဖွင့်ပြီး တစ်ပတ်ခန့်အကြာတွင် ရခိုင်ပြည်နယ်၌ ဆူပူ  အကြမ်းဖက်မှု  များ
 ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ရသေ့တောင်၊ ကျောက်
တော်၊ မြောက်ဦး၊ မြေပုံ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်းမြို့နယ်များရှိ စာသင်ကျောင်းအချို့ကို
 ပိတ်ထားခဲ့ရာ တစ်ချို့ဒေသရှိကျောင်းများအား ပြန်လည်  ဖွင့်လှစ်နိုင်ခဲ့သော်လည်း 
အခြေအနေမတည်ငြိမ်မှုများကြောင့် မဖွင့်လှစ်နိုင်သော ကျောင်းများလည်း ရှိနေ
သေးကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင် အမက(၂၂)ကျောင်း၊ ကျောက်တော်တွင် အမက(၁၅)ကျောင်း၊ 
 ရသေ့တောင်တွင် အမက(၁၀)ကျောင်း၊ ဘူးသီးတောင်တွင် အထက  (၂)ကျောင်း၊ 
 အထက-ခွဲ(၁)ကျောင်း၊ အထက- တွဲ(၁)ကျောင်း၊ အလက(၂)ကျောင်း၊ အလက-ခွဲ 
 (၂)ကျောင်း၊ မူလွန်(၂၂)ကျောင်း၊ အမက(၁၁၃)ကျောင်း   ဖွင့်လှစ်ရန်   ကျန်ရှိနေ
သေးကြောင်း သြဂုတ်လ(၇)ရက်နေ့ စာရင်းအရ သိရှိရသည်။

စစ်တွေမြို့နယ်တွင် ဘင်္ဂလီမူဆလင်ကျေးရွာများရှိ ကျောင်းများအား ဖွင့်လှစ်ရန်
 အစိုးရကလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူ၊ဆရာ၊ ဆရာများသွားရောက်ခဲ့ သော်
လည်း ကျောင်းသားများရောက်ရှိ  မလာခဲ့ကြောင်းကို စစ်တွေ  ပညာရေးဌာနမှ 
တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်းရင်းမြစ်  arakantimes     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။