အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 29, 2012

သီပေါမြို့မှာ သစ်တောဝန်ထမ်းများ အိပ်ပျော်နေခြင်း

 
 
ကျွန်တော်တို့ သီပေါမြို့တွင်း သစ်စက်နှင့် ပရိဘောဂ လုပ်ငန်းများ အရမ်းများနေပါသည်။ 
သူတို့ လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ဆူညံမှုများ ဆက်တိုက်ဖြစ်နေပါတယ်။

သစ်ခွဲစက်အသံ၊ ရေပေါ်စက် အသံများ ဟာ ပတ်ဝန်းကျင်ကို အင်မတန် ဒုက္ခပေးနေပါတယ်
ခင်ဗျာ. သစ်တော ၀န်ထမ်းများမှာလည်း ပိုက်ဆံလောက်သာ လိုက်ကောက်ပြီး ဘာမှတာဝန်
ယူခြင်းမရှိပါ..သို့သော် လူကြီးလာတဲ့ အချိန်သာ သစ်စက်သံများ မကြားရတာဖြစ်ပါတယ်။

 ယခုလုပ်နေသောလုပ်ငန်းများမှာ တရားဝင်လုပ်ငန်းများဖြစ်ပါသလား? လမ်းဘေးရှိ ကျွန်းပင်
များတွင်သစ်တစ်ပင်ခုတ် ထောင် (၃) နှစ်လို့တော့ ရေးထားပါတယ်။ သစ်ခွဲစက်ပိုင်တဲ့သူတွေ
နဲ့ ပရိဘောဂ လုပ်ငန်းလုပ်တဲ့သူတွေကို အရေးယူရင် ဘယ်လို့အရေးယူကြပါသလဲခင်ဗျာ..

မြို့တွင်းရှိသစ်စက်များနှင့် ပရိဘောဂလုပ်ငန်းများကို ရပ်ဆိုင်းပေးပါရန်တောင်းဆိုအပ်ပါသည်၊ 
သစ်တောဝန်ထမ်းများ အိပ်ယာကနိုးသင့်ပါပြီ။

သီပေါမြို့ ခံတဦး
 
သတင်းရင်းမြစ်    သစ်ထူးလွင်      

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။