စီစဉ်နေတဲ့ ၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုလှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို မန္တလေးမြို့မှာ အောင်မြင်စွာ ကျင်းပနို င်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးမယ်လို့
ဒီကနေ့ ကျင်းပတဲ့ အခမ်းအနား ဖြစ်မြောက်ရေး အစည်းအဝေးအပြီးမှာ သံဃာတော်
တွေက သဘောတူညီခဲ့ပါတယ်။
၈ လေးလုံး အရေးတော်ပုံ ငွေရတုအကြို
ဝါဆိုသင်္ဃန်းကပ်လှူပူဇော်ပွဲ ကျင်းပမည့် မန္တလေး
မြို့ ချမ်းမြသာစည်မြို့နယ်၊
အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီး ကျောင်းတိုက် ဖြစ်
ပါသည်။
(Photo Courtesy of 88 Generation Students Facebook)
ဒါဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ မြန်မာနိုင်ငံမှာ
မိမိတို့ကလည်း ပူးပေါင်း
ဆောင်ရွက်နေတယ် ဆိုတာ လက်တွေ့ ပြသချင်တာကြောင့်
ဖြစ်တယ်လို့လည်း အစည်း
အဝေးကို တက်ရောက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ
အဖွဲ့ဝင် ကိုပြုံးချိုက ပြောပါ
တယ်။
"အခုအချိန်မှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလည်းရေးမှာ အားလုံး
ပါဝင်ပူးပေါင်းနိုင်မယ့် အခွင့်
အလမ်းကို ဖန်တီးနေကြတယ် ဆိုတဲ့အတွက်၊
နောက်ပြီး ဒီ အရေးတော်ပုံကြီးဟာ နိုင်ငံနဲ့
အ၀န်း ဖြစ်ပေါ်ခဲ့တဲ့အတွက်
ဒီအရေးတော်ပုံကြီးမှာ လှုပ်ရှားခဲ့သူများအားလုံးလည်း ဒီအပြောင်း
အလဲတွေမှာ
ပူးပေါင်း ပါဝင်နိုင်မယ့် နည်းလမ်းကောင်းတွေ အကြံဥာဏ်ကောင်းတွေနဲ့ စုစု
စည်းစည်း ညီညီ ညွတ်ညွတ် လုပ်ကိုင်နိုင် မယ့် အနေအထားကို ဆရာတော်တွေကလည်း
သဘောပေါက်တဲ့အတွက် ကြည်ကြည်ဖြူဖြူ လက်ခံကြတာပါ။"
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ဘုရားကြီးကျောင်းတိုက် အတွင်း
ကျင်းပမယ့် ရှစ်လေးလုံး
အခမ်းအနားကို ပရိသတ် ထောင်နဲ့ချီ
တက်ရောက်နိုင်အောင် စီစဉ် ဖိတ်ကြားထားတယ်လို့
ကိုပြုံးချိုက ပြောပါတယ်။
သတင်းမီဒီယာတွေလည်း လွတ်လွတ်လပ်လပ်နဲ့ စည်းကမ်းတကျ
သတင်းယူနိုင်အောင်
စီစဉ်ထားတယ်လို့ ပြောပါတယ်။
သတင်းရင်းမြစ်
း RFA
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။