ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့
သီးခြားလွတ်လပ်
တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဗြိတိန်
နိုင်ငံခြားရေး ၀န်ကြီး William Hague က
မြန်မာအာဏာပိုင်တွေကို
တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ် အရေး ကိစ္စမှာ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်ပြီးတော့ တာဝန်ရှိ
ရခိုင်ပြည်နယ် အရေး ကိစ္စမှာ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေ လုပ်ပြီးတော့ တာဝန်ရှိ
သူတွေကို ဖော်ထုတ် အရေးယူဖို့၊ လူမျိုးရေး အခြေခံ အပေါ်မှာ
မတရား ဖမ်းဆီး ခံရ
သူတွေ ပြန်လွှတ်ပေးဖို့ စတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ
လူ့အခွင့်အရေး ကိုယ်စား
လှယ် မစ္စတာကင်တာနားရဲ့ တောင်းဆိုချက် အပေါ် သူ့အနေနဲ့
အပြည့်အ၀ထောက်ခံ
ပြီးတော့ လူ့အခွင့်အရေး အသိအမှတ်ပြု လေးစားတဲ့ ကိုင်တွယ်ဖြေရှင်းမှုမျိုး လုပ်ဆောင်
ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး Hague က
မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းလိုက်
ပါတယ်။
မြန်မာနိုင်ငံ တွင်းမှာ အပြောင်းအလဲတွေ ပြုပြင်မှုတွေ ပေါ်ထွန်းလာချိန်မှာ၊ အခုလို မျိုး
မြန်မာနိုင်ငံ တွင်းမှာ အပြောင်းအလဲတွေ ပြုပြင်မှုတွေ ပေါ်ထွန်းလာချိန်မှာ၊ အခုလို မျိုး
ရခိုင်ပြည်နယ် အတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ
စိုးရိမ်စရာဖြစ်မိတယ် လို့လည်း
ဆိုပါတယ်။ ပြဿနာတွေ ပြေလည်အောင်လို့
ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြဖို့
လည်း အဲဒီမှာ ရှိတဲ့ လူမှု အသိုင်းအ၀ိုင်းတွေကို တိုက်တွန်းတဲ့ အကြောင်းလည်းဖော်ပြ
ထားပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရေးတိုးတက်မှုတွေကြောင့် နိုင်ငံတကာက
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရေးတိုးတက်မှုတွေကြောင့် နိုင်ငံတကာက
အထူးသဖြင့် အနောက်နိုင်ငံတွေက အာရုံစိုက်
ချီးကျူးမှုခံနေရချိန်မှာပဲ အခုလိုမျိုး ရခိုင်
ပြည်နယ်တွင်းမှာ လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်လာတဲ့နောက် အနောက်နိုင်ငံတွေနဲ့
ကုလသမဂ္ဂရဲ့
စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
သတင်းရင်းမြစ်
း VOA
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။