အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, July 17, 2012

မြန်မာ-လာအိုကားလမ်းအား အာရှဖွံ့ဖြိုးမှုဘဏ်အကူအညီဖြင့် တည်ဆောက်သွားမည်

မြန်မာနှင့် လာအိုနှစ်နိုင်ငံကြား ဆက်သွယ်ပေးမည့် ကားလမ်းမကြီး အား  နိုင်ငံတကာ အဆင့်မီ လမ်းမကြီးအဖြစ် တာဝန်ယူဖောက်လုပ်သွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရှိရသည်။
နိုင်ငံတကာအဆင့်မီ ကားလမ်းမများဖြစ်ပေါ်စေရန် အာရှဖွံ့ဖြိုးမှုဘဏ်မှ လိုအပ်သည့် နည်းပညာ ပံ့ပိုးမှု အပါအ၀င် အကူအညီအထောက်အပံ့ပေးမှုများပြုလုပ်၍ ၂၀၁၅ခုနှစ် မတိုင်မီအပြီး တည်ဆောက်သွား မည်ဟု သိရသည်။
 
နှစ်နိုင်ငံကြား လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရန်အတွက် လာအို-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ-မန္တလေး-မုံရွာ- ကလေး-တမူး စသည့်မြို့ရှိ ကားလမ်းများကို ဖောက်လုပ်သွား မည်ဖြစ်ကြောင်းကို လည်းသိရှိရသည်။
 
“လမ်းတွေရဲ့ အသေးစိတ်အခြေနေတွေကို တာဝန်ရှိသူတွေနဲ့ လေ့လာမှုတွေပြုလုပ်ပြီး ၂၀၁၅ မတိုင်ခင်မှာ လုပ်ပေးသွား မှာဖြစ်တယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ပြည်တွင်းက လမ်းတွေရဲ့ အနေ အထားတွေကို အာရှဖွံ့ဖြိုးမှုဘဏ်ကို တင်ပြသွားမယ်။ ဘယ်တော့စပြီးလုပ်မယ်ဆိုတာတော့ မသိရသေး ဘူး။” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
   
အာရှဖွံ့ဖြိုးမှုဘဏ်သည် ကားလမ်းများ အဆင့်မြှင့်တင်မှုများကို ကူညီပေးသွားမည့်အပြင် မဲခေါင်မြစ် ၀ှမ်းဒေသ အတွင်းရှိ တံတားတည်ဆောက်ရန် စီမံကိန်းများကိုလည်း ကူညီဆောင်ရွက်ပေး သွား မည်  ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ထိုကဲ့သို့ အာရှဖွံ့ဖြိုးရေးဘဏ်မှကူညီရခြင်း မှာမြန်မာနိုင်ငံသည် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ခြင်းကြောင့်ဟု သိရှိရသည်။
   
အာရှဖွံ့ဖြိုးမှုဘဏ်သည် ယခင်က မဲခေါင်ဒေသတွင်း နိုင်ငံများကို အကူအညီပေးမှုများထဲတွင် အခြားနိုင်ငံ များသာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံအား အကူအညီပေးမှုနည်းပါးခဲ့ကြောင်းနှင့် ယခုကူညီထောက်ပံ့ပေး ရခြင်းမှာ မြန်မာနိုင်ငံ၏   ပြုပြင်ပြောင်းလဲမှုအခြေနေကောင်းများကြောင့်  ကူညီရခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
သတင်းရင်းမြစ်   Shwe Myitmakha Media Group

 
 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။