အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, July 17, 2012

နေပြည်တော်ပျဉ်းမနား ၌ အာဇာနည်နေ့ ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လည်ခွင့် ငြင်းပယ်



၆၅နှစ်မြောက် အာဇာနည်နေ့တွင် နေပြည်တော်ပျဉ်းမနား ၌ ငြိမ်းချမ်းစွာစုဝေးခွင့် / စီတန်းလှည့်လည် ခွင့် လျောက်ထားမှုကို နေပြည်တော် တိုင်းဒေသကြီးပြည်နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ ငြင်းပယ် လိုက်ကြောင်းသိရသည်။

အာဇာနည်နေ့တွင် ဗိုလ်ချုပ်လမ်း၊ငွေဆောင်ရုပ်ရှင်ရုံမှ မင်္ဂလာရှမ်းကန်ရှိ ဗိုလ်ချုပ်ကြေးရုပ်သို့ လွမ်းသူ ပန်းခွေချရန် အတွက်ငြိမ်းချမ်းစွာစုဝေးခွင့် /ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခြင်း ခွင့်ပြုရန်ကိုမျိုးတေဇမောင်   မှ လျောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုလျှောက်ထားချက် ကိုငြင်းပယ်ရခြင်းမှာ လွမ်းသူပန်းခွေချရန်ချီတက်စဉ် နှောက်ယှက်လိုသူများမှ ၀င်ရောက် ပူးပေါင်း၍ လှုံဆော်ခြင်း၊ ဆူပူရမ်းကား ဖျက်ဆီးမှု များပြုလုပ်နိုင်သဖြင့်လုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးမှုကိုထိခိုက်ပျက်ပြား နိုင်ခြင်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လမ်းသည် လူစည်ကားရာနေရာဖြစ် သည့်အပြင် လမ်းဆုံလမ်းခွဖြစ်ရာယာဉ်ကြော ပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများဖြစိပေါ်နိုင်ခြင်းတို့ကြောင့်တို့ကြောင့်ဖြစ် သည်ဟု ငြင်းပယ်သည့်အမိန့်စာတွင် ဖော်ပြထားသည်။

ငြိမ်းချမ်းစွာစုဝေးခြင်း/ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၅တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်  အရခွင့်ပြု  မိန့်ထုတ်ပေး ရန်ငြင်းပယ် လိုက်ခြင်းဖြစ်ပြီး ခွင့်ပြုမိန့် ထုတ်ပယ်ခြင်းနှင့် စပ်လျဉ်း၍
ငြိမ်းချမ်းစွာ စုဝေးခွင့် / စီတန်းလှည့်လည်ခွင်ဆိုင်ရာ ဥပဒေပုဒ်မ ၉ အရ အယူခံဝင်နိုင်ကြောင်း အသိပေး သည်ဟု လျောက်ထားချက်ကိုငြင်းပယ်သည့် အမိန့်တွင်ရေးသားဖော်ပြထားသည်။
 
သတင်းရင်းမြစ်    Popular Myanmar News

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။