အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, May 28, 2012

ဗိုလ်ချုပ်ရုပ်ရှင်အတွက် နိုင်ငံခြား ထုတ်လုပ်သူနှင့် ပညာရှင်တို့ မြန်မာနိုင်ငံသို့လာမည်



ဗိုလ်ချုပ်ရုပ်ရှင်အတွက် နိုင်ငံခြား ထုတ်လုပ်သူနှင့် ပညာရှင်တို့ မြန်မာနိုင်ငံသို့လာမည်
ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းပိုင်းဆိုင်ရာ ပူးပေါင်းလုပ်ကိုင်ရန် ယခုနှစ် အော်စကာဆုရ The Artist ဇာတ်ကားထုတ်လုပ်သူ ၀ိန်းစတိန်းနှင့်အဖွဲ့အပါအ၀င် The Help ဇာတ်ကား၏ ရိုက်ကူးရေးပညာရှင် Stephen Goldblatt တို့ မြန်မာနိုင်ငံသို့ ဇူလိုင်လတွင် လာရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့မှ ဒါရိုက်တာဦးသူရကပြောသည်။ "ဗိုလ်ချုပ်ရုပ်ရှင်ကားအတွက် နိုင်ငံတကာမူအရ Sequence အခန်းစဉ်ဇာတ်ညွှန်းကို မေလကုန်မှာ အပြီးရေးမယ်။ ဇွန်လကုန်မှာ Spec Script (ဇာတ်ညွှန်းမူကြမ်း) ပြီးမယ်။ ဇူလိုင်လထဲမှာ ဒီမူကြမ်းကို အခုနှစ်အော်စကာဆုပေးပွဲမှာ ဆုရသွားတဲ့ The Artist ဇာတ်ကားထုတ်လုပ်သူ ၀ိန်းစတိန်းနဲ့အဖွဲ့က Screen Play Doctor အဖွဲ့နဲ့ လာပြီးမွမ်းမံမယ်။ မြန်မာလိုပြောရရင် ဇာတ်ညွှန်းကို ဆေးကုပေးမယ့်အဖွဲ့ပေါ့။ နောက်ပြီး ဇာတ်ပို့အော်စကာဆုရသွားတဲ့ The Help ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာ စတက်ဖင်ဂိုးဘလက်လည်း လာမယ်။ ဒီမှာ သူတို့က တစ်လလောက်ကိုအချိန်ယူပြီး လုပ်ကြမှာ။ အခုထိရေးပြီးသမျှ ဇာတ်ညွှန်းတွေကိုလည်း သူတို့ကို အီးမေးလ်ပို့ပေးနေတယ်" ဟု ၎င်းကပြောသည်။ မြန်မာပြည်တွင်းမှ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ပြည်ပမှ အထူးသဖြင့် ဟောလိဝုဒ်မှ အနုပညာရှင်များနှင့် ပူးပေါင်းရိုက်ကူးခြင်းမှာ ယခုဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားသည် ပထမဆုံးဖြစ်သည်။


သတင်းရင်းမြစ်Planet News

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။