မေလ(၂၇)ရက် တနင်္ဂနွေနေ့မှာ ဆန္ဒပြမယ်လို့ သက်ဆိုင်ရာ မယက အုပ်ချုပ်ရေးမှူးရုံး၊ရဲတပ်ဖွဲ့နဲ့လျှပ်စစ်ရုံးတွေကို ကျောက်ဆည်မြို့ခံတွေက မနေ့ကစာရေးသားအကြောင်းကြားခဲ့တာပါ။
အဲဒီနောက် ဆန္ဒပြမယ်ဆိုတဲ့ သူတွေထဲက စာရေးဆရာ ဒိုးလေး (ကျောက်ဆည်)ကို စ-သုံးလုံး၊ SBတို့က ခေါ်ယူစစ် ဆေးခဲ့သလို ဒီကနေ့မနက်ပိုင်းမှာ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ အမှတ်(၂) လျှပ်စစ်ဝန်ကြီးဌာနတာဝန်ရှိသူတွေ ကျောက်ဆည်မြို့ကိုလာရောက်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြောင်း အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ပန်းချီကိုမိုးမခက RFAကို ပြောပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက ကတိပေးသွားပေမယ့် လက်တွေ့ဘယ်လိုဖြစ်လာမလဲဆိုတာကိုဆက်လက်စောင့်ကြည့်မှာဖြစ်ကြောင်း၊လျှပ်စစ်မီးပုံမှန်ပြန်မရဘူးဆိုရင်တော့လာမယ့်
\ဇွန်လ(၁)ရက်နေ့ နောက်ပိုင်းဆန္ဒထုတ်ဖေါ်သွားကြမှာ ဖြစ်ကြောင်း ကျောက်ဆည်မြို့ခံတွေက ပြောပါတယ်။
သတင်းရင်းမြစ်း RFA
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။