အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, May 27, 2012

ပုသိမ်မြို့ မီးရရှိရေး ဖယောင်းတိုင်ထွန်း ညှိဆန္ဒဖော်ထုတ်မှု ဒုတိယနေ့


ပုသိမ်မြို့ ဒုတိယမြောက်နေ့ ဖယောင်းတိုင် လှုပ်ရှားမှု အောင်မြင်စွာပြီးဆုံး မေလ ၂၆ရက်၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်းထွန်း (YPI) ပုသိမ်မြို့တွင် လျှပ်စစ်မီးမှန်မှန်ရရေးအတွက် ဖယောင်းတိုင်ထွန်းညှိကာ ဆန္ဒထုတ်ဖေါ်သည့် လှုပ်ရှားမှုဒုတိယနေ့ကို ယနေ့ည ၇နာရီ ၁၀ မိနစ်မှ စတင်ခဲ့ကြရာ ယမန့်နေ့က လုပ်ဆောင်ခဲ့ကြသည့် အတိုင်း တိုင်းလျှပ်စစ်ရုံးရှေ့မှ စတင်ကာ ရွှေမုဋ္ဌော ဘုရားထိ လမ်းလျှောက်ကိုင်ဆောင်ခဲ့ကြသည်။ ယနေ့ည စတင်ရာနေရာ၌ လူ ၅၀ ခန့်က ဖယောင်းတိုင် စတင်ထွန်းညှိပြီး မြေနုလမ်း၊ မင်းကြီးလမ်း မှတဆင့် မဟာဗန္ဓုလလမ်း ပေါ်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့များသို့ ဖြတ်ကျော် ကာ နောက်ဆုံး ရွှေမုဋ္ဌောဘုရားတွင် သွားရောက် ဆီမီးပူဇော်ပြီး ၇ နာရီ ၅၀ မိနစ်၌ လူစုခွဲခဲ့ကြသည်။ လုံခြုံရေးရဲများ တိုင်းလျှပ်စစ်ရုံးရှေ့တွင် ညနေစောင်းမှ စတင်ချထားသော်လည်း ဖယောင်းတိုင် ထွန်းညှိသူများအား နှောက်ယှက်ခြင်းမရှိခဲ့ပေ။ ။ 
 
သတင်းရင်းမြစ်    Yangon Press International (YPI)
 
 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။