အထက်ချင်းတွင်း စီးပွားရေးမြို့တော် မုံရွာမြို့တွင် မေလကုန်ပိုင်းအထိ အပူချိန် လွန်ကဲသည့် အတွက် မိုးခေါ်လွန်ဆွဲပွဲများ ကျင်းပခဲ့ကြောင်း လွန်ဆွဲပွဲအား ဦးဆောင်သည့် သဒ္ဓမ္မသောဒါန ဘုံဆွမ်းလောင်း အသင်းမှ အသင်းသား တစ်ဦးက ပြောကြားသည်။
လွန်ဆွဲပွဲအား ၂၀၀၈ ခုနှစ်တွင် မိုးခေါင်ခဲ့သည့် အတွက် ပထမဦးဆုံး အကြိမ်အဖြစ်ကျင်းပခဲ့ပြီး ယခု လွန်ဆွဲပွဲမှာ မြဝတီ ရပ်ကွက်အတွက် ဒုတိယမြောက် လွန်ဆွဲပွဲ ဖြစ်လာကြောင်း မြဝတီ ရပ်ကွက်သား တစ်ဦးက ပြောကြားသည်။
ယခု လွန်ဆွဲပွဲအား သုံးရက် ကျင်းပမည် ဖြစ်ပြီး လွန်ဆွဲပွဲ ဒုတိယမြောက်ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လွန်ဆွဲသူ အရေအတွက်မှာ လူဦးရေ ၅၀၀ ခန့်ရှိပြီး အမျိုးသား အမျိုးသမီးနှင့် ကလေးသူငယ်များပါ ပါဝင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
မုံရွာမြို့တွင် သင်္ကြန်ကာလအပြီး မိုးရွာသွန်းမှု အနည်းငယ်သာ ရှိခဲ့ပြီး အပူချိန် လွန်ကဲခဲ့သည့် အတွက် မုံရွာမြို့ အခြားရပ်ကွက်ကြီးများတွင်လည်း လွန်ဆွဲပွဲများ ကျင်းပကြောင်း မုံရွာမြို့ခံ တစ်ဦးက ပြောကြားသည်။
သတင်းရင်းမြစ်း The Voice Weekly

No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။