အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, May 24, 2012

ပြည်မြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်သူများကို ရိုက်နှက်ဖမ်းဆီး

ပြည်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်သူများကို ယနေ့နံနက် ၁၀ နာရီခန့်က လမ်းမတော်လမ်းထောင့်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် တားဆီးကြောင်း၊ ဆန္ဒထုတ်ဖော်သူများထဲမှ ၅ ဦးကို ဖမ်းဆီး သွာကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်သူများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များ ပါဝင်ပြီး ဒဏ်ရာရသူများ ရှိကြောင်း၊ ပြည်မြို့ အကျဉ်းထောင်ရှေ့တွင် လူ ၂၀၀ ခန့် ဆန္ဒပြနေကြောင်း သိရသည်။ မန္တလေးမြို့အနှံ့လည်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို နေရာချထားပြီး လျှပ်စစ်မီးရရှိရန် ဆန္ဒထုတ်ဖော်သူများကို တားဆီးမှုများရှိသည်ဟု ဒေသခံများက ဆိုသည်။ 

သတင်းရင်းမြစ်    ဧရာဝတီ

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။