မြောင်မြို့နယ်၏ ကုန်းတွင်းပိုင်းဒေသများ သောက်သုံးရေပြတ်လပ်မှုအတွက် မြောင်မြို့နယ် လူမှုရေး အသင်းအဖွဲ့များ နှင့် အစိုးရအဖွဲ့များပူးပေါင်း၍ ရေပေးဝေရန် စီစဉ်နေကြောင်းကိုလည်း သိရသည်။
'ရွာမှာသောက်ရေလုံးလုံးကို ပြတ်သွားတယ် အရင်နှစ်က ရွာအနောက်ဖက်သောက်ရေကန်ထဲမှာရေမရှိ ပေမယ့် လက်ယက်တွင်းတွေကနေယူလို့ရသေးတယ်၊ဒီနှစ်တော့မိုးကလည်းခေါင်တော့လက်ယက်တွင်း တွေကလည်း ရေမထွက်တော့ဘူး။ရွာကလူတွေအကုန် သောက်ရေကို နှစ်မိုင်လောက်ဝေးတဲ့ ဖွားစောရွာ သွားခပ်ရတယ်။ရေစည်လှည်းရှိတဲသူတွေက ရေစည်လှည်းနဲ့ မရှိတဲ့သူတွေကတော့ စက်ဘီးတွေ မှာ ရေပုံးချိတ်ပြီးသွားခပ်ရတယ်။ ကျုပ်တို့ရွာမှာတော့ ရေခပ်ရတာကိုက အလုပ်တစ်ခုလို ဖြစ်နေပြီ' ဟုလက်ယက်မကျေးရွာ က ဒေါ်လှဝင်းဋ္ဌေးကပြောသည်။
မြောင်မြို့နယ်အတွင်းမှ ကျေးရွာတွေဖြစ်သည့် လက်ယက်မ၊ကြာပင်လှ၊ဇရပ်ကုန်း စသည့် ကုန်းတွင်းပိုင်း ကျေးရွာတွေမှာ သောက်သုံးရေ အဓိကပြတ်လပ်နေကြောင်း သိရသည်။
'ကြည်းတောတွေအကုန်လုံး လိုလို သောက်ရေရှားကြတယ်။ဒီနှစ်မိုးခေါင်တော့ပိုဆိုးတာပေါ့ သူတိုခမျာသုံးရေတောင်အနိုင်နိုင်။ အရင်တစ်ခါအခုလို သောက်ရေတွေရှားတုန်းက မြောင်ကလူမှုရေးအသင်းတွေ အစိုးရအဖွဲ့ တွေနဲ့ ပေါင်းပြီးသောက်ရေ သွားသွားလှူရတယ်။ ဒီနှစ်တော့သောက်ရေ အဓိကအခက်ခဲဖြစ်နေတဲ့ ကျေးရွာတွေကို အရင်ဆုံးသွားလှူဖို့အစီစဉ်ရှိတယ်' ဟု မြောင်မြို့နယ်လူမှုကူညီရေးအသင်းမှ အတွင်းရေးမှုးဦးအောင်ပွကြီးကပြောပါသည်။
သတင်းရင်းမြစ်း မြစ်မခ
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။