အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, May 23, 2012

The Voice စာစောင်မှ သတင်းရေးသားသူ အမည်ထုတ်ဖော်ပေးရန် လျှောက်ထားမှု တရားရုံးမှပလပ်

မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ
ပြီးခဲ့သည့် လပိုင်းက The Voice စာစောင်မှ သတ္တုတွင်းဝန်ကြီးဌာနနှင့် ငွေကြေး အလွဲသုံးမှုတွေ့ရှိ ဆိုသည့် သတင်းကို ရေးသား ဖော်ပြပြီး ၀န်ကြီးဌာနမှ စာစောင်ကို တရားစွဲဆိုရင်ဆိုင်နေစဉ် သတင်းရေးသားသူ အမည်ထုတ်ဖေါ်ပေးရန် လျှောက်ထားမှုကို ယနေ့ ဒဂုံမြို့နယ် တရားရုံးကအမှုကို ပလပ်လိုက်သည်။

တရားရုံးမှ အမှုကို ပလပ်လိုက်သည့်ကိစ္စနှင့်ပတ်သတ်၍ The Voice စာစောင်မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက

“စွပ်စွဲခံရတဲ့ သတင်းထောက် နာမည်ကို အတင်းအကျပ်ဖော်ထုတ်ပေးဖို့ သူတို့တရားရုံးမှာက တာဝန်မရှိဘူး အယ်ဒီတာချုပ်အနေနဲ့လည်း တာဝန်မရှိဘူးဆိုပြီး ပလပ်လိုက်တာ”ဟု ၎င်းကဆိုသည်။

အကယ်၍ သတ္တုတွင်းဝန်ကြီးဌာနမှ သတင်းရေးသားသည့်တင်းထောက်နာမည်ကိုဖော်ထုတ်ချင်သည့်အခါ ၎င်းတို့ ကိုယ်တိုင် သတင်းထောက် အမည်ကိုကြိုးစာဖော်ထုတ်နိုင်ပါက ယင်းသို့ စုံစမ်းဖော်ထုတ်နိုင်သည့် အချိန်တွင် တရားရုံးသို့ထပ်မံတင်ပြပါက တရားရုံးကဥပဒေနှင့် အညီပြန်လည်စီ ရငျက်ချပေးမည်ဟုပြောကြောင်း ၎င်းကဆက်ပြောသည်။

ယခု ကဲ့သို့ တရားရုံးက အမှုကိုပလပ်လိုက်သည့် ဆုံးဖြတ်ချက်ချမှုအပေါ်သတ္တုတွင်း ၀န်ကြီးဋ္ဌာနဘက် မှအမည်မဖော်လိုသူ ဥပဒေအရာရှိတဦးက
“သင့်တော်ပါတယ်။သင့်မြတ်တဲ့ဆုံးဖြတ်ချက် တခုပါ အထူးပြောစရာမရှိပါဘူး” ဟုပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် မတ်လ ၁၂-၁၈ ရက်စွဲပါ The Voice Weekly စာစောင်အတွဲ (၈)၊အမှတ် (၁၃) မျက်နှာဖုံး တွင် “၀န်ကြီးဌာနအချို့ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများစစ်ဆေးတွေ့ရှိ”ဟူသောခေါင်းစဉ်ဖြင့် သတ္တုတွင်း ၀န်ကြီးဋ္ဌာန၏ ငွေအလွဲသုံးစားလုပ်မှု နှင့်ပတ်သက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောဆိုခြင်း အပေါ်အခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။

အဆိုပါရေးသားချက်မှာ မှန်ကန်မှုမရှိဟုဆိုကာသတ္တုတွင်း ၀န်ကြီးဋ္ဌာနက သတင်းရေးသားသူကိုဖော်ထုတ်ပေးရန်အပါအ၀င် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် The Voice စာစောင် ကို တရားစွဲဆိုခဲ့ပြီးမတ်လကုန်ပိုင်းတွင် The Voice စာစောင်မှအမှုကို စတင်ရင်ဆိုင်ခဲ့သည်။

ယခု တရားရုံးတော်မှအမိန့်ချမှတ်လိုက်သည့် လျှောက်ထားမှု ပလပ်ချက်မှာ သတင်းရေးသားသူဖော်ထုတ် ပေးရန် သတ္တုတွင်းဝန်ကြီးဌာနက လျှောက်ထားသည့် အမှု ကိုသာ ပလပ်လိုက်ခြင်းဖြစ်ပြီး အသရေဖျက်မှု ပုဒ်မ ၅၀၀ အမှုကိုဆက်လက်စစ်ဆေးရန် လာမည့်ဇွန်လ ၆ရက်နေ့တွင် တရားရုံးမှ ထပ်မံချိန်းဆို ထားသည်။

အဆိုပါ ဇွန်လ ၆ရက်နေ့တွင် ၀န်ကြီးဌာနမှ စာစောင်သို့စွဲဆိုထားသည့် ပုဒ်မ ၅၀၀ အသက်ရေဖျက်အမှုကို အခြေခံဥပဒေခုံရုံးသို့ပို့ရန် စာတင်ထားခြင်းနှင့်ပတ်သတ်၍ ပို့သင့်မပို့သင့် လျှောက်လဲ ချက်ပေးသွားမည်ဟု The Voice စာစောင်ဘက်မှ အမှုလိုက်ပေးနေသည့် ရှေ့နေဦးသိန်းညွန့်က ပြောသည်။ ။
 
သတင်းရင်းမြစ်း  YPI
 
 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။