အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, June 14, 2012

ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများ (ဇွန် 14)

စစ်တွေမြို့တွင် မိုးအရမ်းရွာနေသည့်အတွက် မီးလောင်မှုတွေ ယမန်နေ့(ဇွန်လ ၁၃ရက်)ကဲ့သို့ မရှိကြောင်း သိရသည်။ ၀န်ကြီး ဦးသာလူချေနှင့်အဖွဲ့က အိုးမဲ့အိမ်မဲ့ဖြစ်နေသော၊ စားဝတ်နေရေး အခက်အခဲဖြစ်နေသော သဲချောင်းရွာ၊ ပလ္လင်ပြင်ရွာ၊ အောင်ဒိုင်ရွာ၊ ဇောပူဂျာရွာတွေကို ဆန်တွေ သွားပေးရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။


******************************************************************************  

 ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဗီယာသည် ဇွန်လ ၁၄ ရက်နေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စစ်တွေလေဆိပ်သို့ ရောက်ရှိလာပြီး ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရပြီး လာရောက်ခဲ့သည့် ခရီးစဉ်နှင့်ပတ်သက်၍ မီဒီယာများ၏ မေမြန်းမှုကို ဖြေကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

 ****************************************************************************** 

ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်က ဗြိတိန်သံရုံးရှေ့တွင် လူဦးရေ ၁၀ ဦးခန့်က ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် "ရိုဟင်ဂျာသည် မြန်မာမဟုတ်" ၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်တို့အကြား အဓိကရုဏ်းဖြစ်စေမည့် စကားလုံးများ အသုံးပြုခြင်း ရပ်တန့်ရန်နှင့် BBC ၊ DVB အစရှိသည့် ပြည်ပ မီဒီယာများမှ ဘင်္ဂါလီနှင့် ပတ်သက်၍ ၀ါဒဖြန့်မှုများ ချက်ချင်းရပ်တန့်ရန် စသည့် စာတန်းများ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် ပြောဆိုခဲ့သဖြင့် ဆန္ဒထုတ်ဖော်မှုကို ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။










****************************************************************************** 


 "ယခုလက်ရှိ စစ်တွေမှာ မီးလောင်သွားတဲ့ အိမ်ပေါင်း ၁၆၀၀ ခန့် ရှိပြီလို့ သိရတယ်။ မနေ့ညက စစ်တွေမြိုပေါ်မှာ မီးရှို့ဖို့ ကြိုးစားခဲ့တဲ့သူပေါင်း ၃၀ ခန့်ကို အစိုးရက ဖမ်းဆီးမေးမြန်း စစ်ဆေးနေတယ်။ အခုအချိန်မှာ ပေါက်တောမြို့၊ ငပြီကျွန်း၊ သရက်တောဘက်မှာ အိမ်ခြေ ၄၀၀ လောက်မှာရှိတဲ့ လူ ၃၀၀၀ ကျော်က စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ သိရတယ်"ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

****************************************************************************** 

"ဒီနေ့ မနက် စစ်တွေမြို့ရဲ့ အခြေအနေကတော့ တည်ငြိမ်နေပါတယ်။ မိုးကလည်း သည်းသည်းထန်ထန် ဆက်ပြီးရွာနေပါတယ်။ မနေ့ ညဦးပိုင်းက ကျောင်းကြီးလမ်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်က ဘင်္ဂါလီတွေကို သဲကျောင်းနဲ့ ဘုမေဘက်ကိုသွားဖို့ အာဏာပိုင်တွေက စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျောင်းကြီးလမ်းရပ်ကွက် ဘင်္ဂါလီအုပ်စု တော်တော်များများက အာဏာပိုင်တွေ စီစဉ်ပေးတဲ့အတိုင်း ထွက်သွားကြပေမယ့် အောင်မင်္ဂလာမှာရှိနေတဲ့ ဘင်္ဂါလီ ၉၀ ရာခိုင်နှုန်းလောက်ကတော့ မသွားခဲ့ကြပါဘူးလို့ မျက်မြင်တွေ့ရှိရတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ ည ၉ နာရီ ၂၀ လောက်အချိန်မှာတော့ အောင်မင်္ဂလာမှာရှိနေတဲ့ ဘင်္ဂါလီတချို့ကတော့ အုပ်စုဖွဲ့ပြီး ကသဲရွာမှာရှိတဲ ရခိုင်အိမ်တွေကို လေးခွနဲ့ စပစ်ပါတယ်။ အဲဒီအခါမှာ ရခိုင်တိုင်းရင်းသာတွေကလည်း ပြန်ပစ်ပါတယ်။ စစ်တပ်ရောက်လာပြီး သေနတ်ပစ်ဖောက် သတိပေးခဲ့တဲ့အတွက် ဘင်္ဂါလီတွေ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။"

"မနေ့က စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီ (၆)ယောက် သေတယ်လို့ သိရပါတယ်။ ၃ ယောက်က မင်းဂံဘက်မှာ သေခဲ့တာပါ။ မနေ့မနက် အစောပိုင်းမှာဖြစ်ခဲ့တဲ့ ကသဲရွာ ရန်စမှုမှာ သေခဲ့တာလို့ သိရပါတယ်။ မင်းဂံဘက်မှာ သေခဲ့တဲ့ ၃ ယောက်မှာ ၂ ယောက်က ရခိုင်တိုင်းရင်ားး ဟန်ဆောင်ပြီး မြို့ပေါ်တတ်လာတဲ့သူတွေပါ။ ၁ ယောက်ဆီမှာ ကင်မရာ ၁ လုံးတွေ့ပြီး၊ နောက် ၁ ယောက်ဆီမှာ အသံဖမ်းစက်တွေ့တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ မီးရှို့ဖို့မြို့ပေါ်တက်လာတဲ့သူပါ။ သူ့ရဲ့ခါးကြားမှာတော့ မီးမညှိရသေးတဲ့ မီးကွင်းတွေကို တွေ့ရပါတယ်။"

"မနေ့က ရသေ့တောင်ဘက်မှာတော့ ကုန်တန်းကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁၀၀ လောက် မီးလောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘင်္ဂါလီတစ်ဦးက သူ့အိမ်သူ မီးရှို့ရာက အခုလို မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ရသေ့တောင် ဒေသခံတွေရဲ့ ပြောပြချက်အရ ရသေ့တောင်ဘက်ကို စစ်တွေဘက်က ပြေးလာတဲ့ ဘင်္ဂါလီ ၆၀၀ လောက် ရောက်လာတယ်လို့လည်း သိရပါတယ်။ မနေ့ည ၁၂ နာရီ အချိန်ကတော့ စစ်တွေ ကုန်တန်းရပ်ကွက် ဟိန္ဒူဘာသာဝင် ၄ ဦး၊ မရမာကြီး ၁၄ ယောက်ကို ကား (၃)စီးနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်"ဟု Eleven Media Group သတင်းထောက်က ယနေ့(ဇွန်လ ၁၄ရက်)နံနက်ပိုင်းတွင် သတင်းပေးပို့ခဲ့ပါသည်။

 
******************************************************************************

"ဒီနေ့ မနက် ၈ နာရီက ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်ထားတဲ့ သင်္ဘောတစ်စီး စစ်တွေကနေ ဘူးသီတောင်မြို့ကို ထွက်ခွာသွားတယ်လို့ သိရတယ်။ အဲဒီပစ္စည်းတွေက ဘူးသီတောင်နဲ့ မောင်းတောမှာရှိတဲ့ အိုးမဲ့ အိမ်မဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ အတွက် ဖြစ်တယ်လို့ သိရတယ်။" ဟု စစ်တွေမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။

****************************************************************************** 

သတင်းရင်းမြစ်    Eleven Media Group

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။