အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, June 21, 2012

ပန်ဆိုင်းရှိ အစိုးရရဲစခန်းတခုကို ကေအိုင်အေ တိုက်ခိုက်ဖျက်ဆီး


ပန်ဆိုင်းမြို့၊ ရှမ်းပြည်မြောက်ပိုင်း
ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) မှ ပန်ဆိုင်း (ကြူကုတ်)မြို့ ရှိ မြန်မာအစိုးရ ရဲစခန်းတစ်ခုကို ၁၇ ရက် တနင်္ဂနွေနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ သုံးဦး ကျည်ဆံထိ မှန်သွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ ၁၀ ဦးကျော်ရှိသည့် ၎င်းရဲစခန်းတွင် တိုက်ခိုက်ဖြိုဖျက်စဉ် ရဲသား ၃ ဦးကို ကျည်ဆံ ထိမှန်ခဲ့သော်လည်း သေဆုံးမှုကိုမူ မသိရသေးကြောင်း တပ်မဟာ (၄) အရာရှိပြောသည်။

၎င်းရဲစခန်းကို တိုက်ခိုက်ဖျက်စီးခဲ့သည့်အကြောင်းနှင့်ပက်သက်၍ တပ်မဟာ (၄) အရာရှိက “ရဲစခန်းကို ဖြိုချဖျက်စီး ရတာက ရဲတွေနဲ့ မူးယစ်တွေပေါင်းပြီး ကျနော်တို့ အမျိုးသားတွေကို အမြစ်ပျက်စေ တဲ့ အတွက်ဖြစ်တယ်။ ကျနော်တို့ရဲ့အမှု ပြဿနာတွေကို အရေးမလုပ်ပေးဘူး။ ပိုက်ဆံပေး ရင် ပြန်လွှတ်ပေးတယ်။ တချို့တွေကိုတော့ ကချင်တွေ၊ ကချင်လူငယ်များကို ဘိန်းစားပြီးသေဆုံးစေတဲ့ အစီအစဉ်နဲ့ ဘိန်းတွေရောင်းခိုင်းတယ်” ဟု ကချင်သတင်းဌာန သို့ပြောသည်။

ယမန်နေ့ ၁၈ ရက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၃၆)သည် အင်အားတိုးချဲ့ လာသော မြန်မာအစိုးရ စစ်တပ်ကား ၂ စီးကို နမ်ဝူးတွင် တိုက်ခိုက်ခဲ့က်ရာ အစိုးရစစ်သား ၁၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ ရှိကြောင်း KIA အရာရှိပြောသည်။

၎င်း မြန်မာတပ်ယာဉ်တန်းများသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၁၂၃)တပ် နှင့် ခလရ (၄၅) တပ်များဖြစ်ကြောင်း သိရသည်။ ယခုအချိန်မြန်မာတပ်များသည် နမ်တောင်နှင့် မုံဘော်တွင် တပ်စစ်အား၂၀၀ နီးပါးနှင့် ထိုးစစ်ဆင်နေကြောင်း ဆက်လက်သိရသည်။

၎င်းယာဉ်တန်းများနှင့်တိုက်ခိုက်စဉ်တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ၀င် ၁ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်းသိရသည်။နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသော်လည်း တဖက် တွင် ငြိမ်းချမ်းရေး ညှိနှိုင်း မှုများကို နှစ်ဖက်ခေါင်းဆောင်များ ပြုလုပ်နေဆဲဖြစ်သည်။

သတင်းရင်းမြစ်   ကချင်သတင်းဌာန       

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။