တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း အတွင်းရှိ မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေးရေး ဂိတ်အား ရှောင်ကွင်းသည့်လမ်းပေါ်တွင် ဂိတ်များဖွင့်၍ အခွန်ကောက်နေကြောင်း ဒေသခံ တချို့ အဆိုအရသိရသည်။
၁ မိုင်ခန့်သာ ရှည်လျားသည့် မော့တောင်းရွာအုပ်စုအနီး ခိုခေးလမ်းပေါ်တွင် စစ်မှုထမ်းဟောင်း နှင့်ပြည်သူ့စစ်အဖွဲ့ များမှ အနည်းဆုံး ဂိတ် ၅ ခုခန့် ဖွင့်လှစ်၍ ငွေကောက်ခံနေခြင်း ဖြစ်ပြီး ၄င်းဂိတ်များ ဖွင့်ခွင့်ရရန် မူစယ် ၁၀၅ မိုင်ရှိ ရဲစခန်းမှူးအား ငွေပေးရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည် ။
“ပန်းဆိုင်း - နမ့်တောင်းဘက်ကထွက်လာတယ်လေ။ ၁၀၅ မိုင်ကို ကွင်းတဲ့လမ်းပေါ့ ၁၀၅ မိုင် စခန်းမှူး ဆီမှာကိုစိုးဝင်း ဆိုတဲ့ လူ အခွန်ဆောင်ထားတာ။ သူက တစ်ဂိတ်ဖွင့်တယ်။ သူ့အဖေက တစ်ဂိတ် မုံးပုတ် ပြည်သူ့စစ်က တစ်ဂိတ် ၊ KDA က တစ်ဂိတ် ၊ စစ်မှုထမ်းဟောင်းက တစ်ဂိတ်ပေါ့ သူတို့ဖွင့်ထားတာ ” ဟု ဆိုသည် ။
ဂိတ်ကြေးငွေ အဖြစ် တစ်ဖွဲ့လျှင် တစ်လ ကျပ် ၁ သိန်းဝန်းကျင် ပေးဆောင်ရပြီး တရားမဝင်သယ်ယူသည့် ကယ်ရီ ကုန်များ အဆိုပါလမ်းအတိုင်း သွားလာသည်ဟု ဆိုသည် ။ အဆိုပါဂိတ်များတွင် ပေးဆောင်ရမည့် ကယ်ရီခကို သီးခြားသတ်မှတ်ထားခြင်း မရှိပဲ နှစ်ဦးနှစ်ဘက်ညှိနှိုင်း၍ ပေးဆောင်ရကြောင်း တုန်ဖုန်းကား တစ်စီး အနည်းဆုံး ကျပ် ၅၀ဝ၀ နှင့် ထော်လာဂျီ တစ်စီး ကျပ် ၃၀ဝ၀ ဝန်းကျင် ပေးဆောင်ရ ကြောင်း သိရသည် ။
သတင်းရင်းမြစ်း သျှမ်းသံတော်ဆင့်
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။