အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, June 25, 2012

ရခိုင် ယူနန် ဓာတ်ငွေ့ ပိုက်လိုင်း ကိစ္စ သတင်းစာ ရှင်းလင်းပွဲ

ရခိုင်ပြည်နယ်ကနေ ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ တရုတ်ကုမ္ပဏီ တခုက ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်မှာ တနဂင်္နွေနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ တရုတ် ကုမ္ပဏီကနေ ရှင်းပြရာမှာ ပိုက်လိုက် ဖေါက်လုပ်တဲ့ နေရာတွေ တလျှောက် မြေယာတွေ သိမ်းတဲ့ နေရာမှာ လျော်ကြေး ပေးခဲ့တယ်လို့ ပြောပါတယ်။ လျော်ကြေး အတွက် ဈေးနှုန်း သတ်မှတ်ရာမှာ အစိုးရ သတ်မှတ်ချက်၊ ကုမ္ပဏီရဲ့ သတ်မှတ်ချက်နဲ့ လယ်သမားတွေ လိုချင်တဲ့ဈေး၊ သုံးခုစလုံးကို ညှိနှိုင်းပြီး လျော်ကြေး ပေးခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

 
သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုတွေလည်း အများ အပြား ရှိခဲ့တယ်လို့ ဆိုပါတယ်

လယ်ယာမြေ အသိမ်းခံလိုက်ရတဲ့ လယ်သမားတွေက တကယ်တော့ ကျေနပ်မှု မရှိခဲ့ကြဘူး လို့ ပြင်ဦး လွင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးကျော်သီဟက ပြောပါတယ်။ အခုလို ညှိနှိုင်းပြီး လျော်ကြေး ပေးခဲ့ တယ် ဆိုတာလည်း မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။

လယ်သမားတွေဟာ လျော်ကြေးငွေကို လိုချင်ကြတာ မဟုတ်ဘဲ အစိုးရနဲ့ လုပ်နေတဲ့ စီမံကိန်းဖြစ်လို့ မဖြစ်မနေ ပေးအပ်လိုက်ရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ဦးကျော်သီဟ ဟာ ပြင်ဦးလွင်မြို့နယ် အတွင်း ပိုက်လိုင်း လမ်းကြောင်းမှာပါတဲ့ လယ်သမားတွေရဲ့ တိုင်းကြားချက်တွေကို လေ့လာသိရှိနေတဲ့ သူ ပြည်သူ့လွှတ်တော်အမတ် ဖြစ်ပါတယ်။

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။