မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအားလုံး
ရုပ်သိမ်းရန် ထိုင်း နိုင်ငံခြားရေး ၀န်ကြီး စုရာဖုန်
တိုဝီချတ်ချိုင်ကွန်က ကြားဝင်ဆောင်ရွက်ပေးလိုကြောင်း ယမန်နေ့က
ပြောကြားလိုက်သည်။ လက်ရှိ မြန်မာ အစိုးရအနေဖြင့် ဒီမိုကရေစီ သို့
ဦးတည်ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေးများနှင့် အမျိုးသား ပြန်လည်
ရင်ကြားစေ့ရေး အခြေအနေများကို တွေ့မြင်နေရကြောင်း စုရာဖုန်
တိုဝီချတ်ချိုင်ကွန် က ပြောကြားသည်ဟုလည်း The Nation သတင်းစာက ရေးသားသည်။
ယခုသတင်းများကို ဧရာဝတီ မှကူးယူဖော်ပြပါသည်။
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။