|
|
ဇွန်လ ၁၂ ရက် နေ့လည် ၁း၁၀ နာရီနာဇီရွာ မီးလောင်မှုဖြစ်စဉ်တွင် လူမျိုးခြားများ နေထိုင်သည့် နေအိမ်အတွင်းမှ မီးအားပိုမို တောက်လောင်စေသည့် လောင်စာဆီများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရာတွင် အခက်အခဲရှိစေရန် လမ်းသွယ်၊လမ်းကြား အချို့တွင် အရာဝတ္တုများစွာဖြင့် ပိတ်ပင်ထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူး ဦးမင်းစန်းအေး က ပြောကြားခဲ့သည်။
စစ်တွေမြို့ နာဇီရွာ မီးလောင်မှု မြင်ကွင်း
ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က စစ်တွေမြို့ကသဲရပ်ကွက်တွင် ရိုဟင်ဂျာ ဘင်ဂါလီများက အိမ်ကို မီးရှို့၍ ထွက်ပြေးသွားကြကြောင်း သိရသည်။ မီလောင်မှုကြောင့် ရခိုင်လူမျိုးများ၏ နေအိမ် ၅ လုံးခန့်နှင့် ရိုဟင်ဂျာ ဘင်င်္ဂါလီများ၏ နေအိမ်များလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ မီလောင်မှုမှာ လက်ရှိအချိန်အထိ ဆက်လက်လောင်ကျွမ်း လျက်ရှိကြောင်း သိရသည်။ဇွန်လ ၁၂ ရက် နံနက် ၁၁း၁၅ နာရီ ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၁း၁၅ နာရီခန့်တွင် စစ်တွေမြို့နယ် နာဇီကျေးရွာတွင် ရခိုင်တိုင်းရင်းသား ၆၀၀၀ခန့်နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ၁၀၀၀၀ခန့် အဓိကရုဏ်း ဖြစ်ပွားနေကြောင်း သိရှိရသည်။ အဆိုပါ အဓိကရုဏ်း ဖြစ်ပွားသည့်နေရာတွင် ရဲတပ်ဖွဲ့ဝင် ၅၀ ခန့်နှင့် တပ်မတော်မှ ၃၀ ဦးခန့် က ၀င်ရောက်ဖြန်ဖြေ ပေးနေကြောင်း အဆိုပါနေရာသို့ ရောက်ရှိ သတင်းရယူနေသည့် Eleven Media Group မှ သတင်းထောက်က သတင်းပေးပို့ပါသည်။မောင်တောမြို့အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများကိုစွန့်ခွာ၍ မောင်တောမြို့ပေါ်ရှိ ပရဟိတ ကယ်ဆယ်ရေးစခန်းနှင့် အလိုတော်ပြည့်ကျောင်း ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသည့် ဒေသခံများ၏ ပြောစကားများ “ညောင်ချောင်းခွဆုံက ဆိုင်ခန်းတွေ မီးရှို့နေတာကိုမြင်တော့ ကျွန်တော်တို့လည်း ဘင်္ဂါလီတွေ ရွာကို လာတော့မယ်ဆိုတာ ပြောနေတုန်းပဲ ဘင်္ဂါလီတွေ ရွာကို အုပ်စုလိုက်ချီတက်လာကြတယ်။ ကျွန်တော်တို့ ရွာသားသုံးဆယ်လာက်စုပြီး ခုခံဖို့လုပ်ကြတယ်။ ဒါပေမယ့် တွေ့တဲ့လူကို ၀ိုင်းရိုက်ကြတော့ ကျွန်တော်တို့ ကလေးတွေ အမျိုးသမီးတွေကို ထွက်ပြေးကြဖို့ ပြောလိုက်တယ်။ လူတွေလဲ တစ်ယောက်တစ်ကွဲ တောင်တွေထဲ ပြေးသွားကြတယ်။ ရွာကဘုန်းတော်ကြီးကို ၀ိုင်းရိုက်တာတွေ့တယ်။ ကျွန်တော်တို့လဲ နောက်ဆုံးပြေးကြ တော့တာပဲ။ ရွာသားနှစ်ဦး အသတ်ခံလိုက်ရတယ်။”ဟု ရွှေရင်အေးကျေးရွာမှ ရခိုင်လူမျိုး ဦးသာစိန်ကပြောသည်။ ![]() ![]() ![]() ![]() ![]() ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၁၂ ခု၊ ဇွန်လ(၁၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ရခိုင်လူမျိုးအများးစုနှင့် သံတော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ ငါးဦး သေဆုံးပြီး အိမ်ခြေ ၇၀ နီးပါး မီးလောင်မှုကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သိရှိသည်။ ရခိုင်လူမျိုးအများစုနှင့် သံတော်လီကျေးရွာရှိ ဘင်္ဂါလီရိုဟင်ဂျာတို့ ခိုက်ရန်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ထွက်ပေါ်လာခဲ့သည့် သတင်းတစ်ခုကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ဇွန်လ ၁၂ ရက် နံနက် ၉း၅၃ နာရီ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် အုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခံရမှုကို ကျောက်ဖြူမြို့ ခရိုင်တရားရုံးတွင် ၈-၆-၂၀၁၂ သောကြာနေ့က တရားစွဲချက်တင်ခဲ့သော အမှုကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်က တရားလိုဘက်မှ သေဆုံးသူ မသီတာထွေး၏ အစ်ကို အပါအ၀င် အသိသက်သေ ၈ ဦး၏ ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၄ာရီခွဲခန့်တွင် ရပ်နားလိုက်ပြီး ကျန်ရှိနေသော အသိသက်သေများ၏ ထွက်ဆိုချက်များကို ၁၂ရက်နေ့ ရုံးချိန်းတွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရှိပါသည်။ ရခိုင်ပြည်နယ်အတွင် ဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသော ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် ဒေသခံများဖြင့် ယာယီအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့ကို လှူဒါန်းလိုသူများအနေဖြင့် နာရေးကူညီမှုအသင်း (စစ်တွေ) ဖုန်း ၀၄၃-၂၂၄၇၅, ဦးမောင်ထွန်းကျော် ၀၉၈၅၀၀၉၄၄၊ ဦးသန်းရွှေ ၀၉၈၅၀၀၂၄၁၊ ဦးရွှေထွန်းအောင် ၀၉၈၅၀၀၅၉၀၊ ဦးအောင်ကျော်ဇံ ၀၉၈၅၀၀၄၅၀ များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ဇွန်လ ၁၂ ရက် နံနက် ၉း၂၁ နာရီ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ကမ္ဘောဇဘဏ်အနီးတွင် ဘင်္ဂါလီလူငယ်တစ်ဦးကို ဓါတ်ဆီပုံးနှင့်အတူ တွေ့ရှိပြီး ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ဇွန်လ ၁၂ ရက် နံနက် ၉း၁၅ နာရီ စစ်တွေမြို့အတွင်း ယမန်နေ့ညက မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့် ဘင်္ဂါလီများက ချောင်းရိုးများမှတစ်ဆင့် စစ်တွေမြို့တွင်းသို့ ဝင်ရောက်ရန်ကြိုးစားသဖြင့် စစ်တွေဒေသခံများက လုံခြုံရေးကို ညလုံးပေါက်နီးပါး တာဝန်ယူ စောင့်ကြပ်ခဲ့ပါသည်။ စစ်တွေမြို့တွင်းရှိ ဘီလူးမချောင်းမှတစ်ဆင့် ဘင်္ဂါလီ သုံးဦး မီးသတ်ဝတ်စုံဖြင့် ဝင်ရောက်ရန်ကြိုးစားခဲ့ကြောင်း စစ်တွေဒေသခံတစ်ဦးက ပြောပါသည်။ လုံထိန်းများနှင့် စစ်တပ်မှလည်း မြို့အတွင်း ကင်းပုန်းများချ၍ လည်းကောင်း၊ လှည့်ကင်းများ လှည့်လည်၍ လည်းကောင်း လုံခြုံရေးကို တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ယမန်နေ့ည သန်းခေါင်အချိန်တွင် သေနတ်ပစ်ဖောက်သံအချို့ ကြားခဲ့ရကြောင်း Eleven Media Group မှ သတင်းထောက်၏ ပေးပို့ချက်အရ သိရှိရပါသည်။ သတင်းရင်းမြစ်း Eleven Media Group |







No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။