အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, June 7, 2012

ရခိုင်ပြည်နယ်မှ အုပ်စုဖွဲ့ ရိုက်နှက်မှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်း



ရန်ကုန်၊ ဇွန် ၇

ဇွန်လ ၃ရက်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့် အုပ်စုဖွဲ့ ရိုက်နှက်မှုတို့ကို အရေးယူရန်အတွက် အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းလိုက်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ထိုအဖွဲ့တွင် ဥက္ကဌအဖြစ် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒုတိယဥက္ကဌအဖြစ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် ဇော်ဝင်း၊ အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်း နှင့် အဖွဲ့ဝင်အဖြစ် ရခိုင်ပြည်နယ်မှ ဥပဒေအရာရှိများ၊ ရဲတပ်ဖွဲ့မှူး၊ ထောင်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများ အပါအ၀င် ၁၆ယောက်ပါဝင်ကြောင်း ယင်းဖော်ပြချက်အရ သိရသည်။

ယင်းအဖွဲ့သည် မှုခင်းဖြစ်ပေါ်ရသည့်အကြောင်းအရင်း၊ အုပ်စုဖွဲ့ကျူးလွန်ရန် စည်းရုံးလှုံ့ဆော်မှုများ၊ ထိုသို့ ကျူးလွန်ရန် ဦးဆောင်သူများ၊ ပြစ်မှုကျူးလွန်သူများ၊ ပြစ်မှုမကျူးလွန်မီ နှင့် ကျူးလွန်ပြီးနောက် အရေးယူဆောင်ရွက်မှု အခြေအနေ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင်မြင်ယူဆချက် နှင့် သုံးသပ်ချက်၊ အကြံပြုချက်များဖြင့် စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး လိုအပ်သော စုံစမ်းစစ်ဆေးမှုများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့် အညီ စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သမ္မတထံ တိုက်ရိုက်တင်ပြသွားမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။






သတင်းရင်းမြစ်   Venus News Weekly

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။