အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, June 7, 2012

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှုအချို့ ပြေလည်မှုရ


ဇွန်လ ၆ရက်၊ ၂၀၁၂၊ YPI

လှိုင်သာယာအလုပ်သမားများ ဆန္ဒပြမှုများ ပြေလည်ရန်အတွက် ယမန်နေ့ က လှိုင်သာယာ စက်မှုဇုံ၁ ကနောင်ခန်းမ၌ အလုပ်သမားများ နှင့်အလုပ်ရှင်များ ညှိနိုင်းပွဲကျင်းပခဲ့သည်။

 အဆိုပါ ညှိနိုင်းပွဲသို့ ဆန္ဒပြ အလုပ်သမားကိုယ်စားလှယ်များ အလုပ်ရှင်များ အလုပ်သမားဝန်ကြီးဋ္ဌာန ဒုတိယ၀န်ကြီးဦးမြင့်သိန်းနှင့်တာဝန်ရှိသူများ၊ ဦးကိုကိုကြီးနှင့် ၈၈မျိုးဆက်ကျောင်းသားများ ။ အလုပ်သမားအရေးဆောင်ရွက်နေသူ ရှေ့နေ ဦးဌေးနှင့် အလုပ်သမားအရေးဆောင်ရွက်သူများတက်ရောက်ခဲ့သည်။

ဆန္ဒပြစက်ရုံငါးရုံအရေးညှိနိုင်းရာတွင် costec (အထည်ချုပ်စက်ရုံ)၊ great flower (အထည်ချုပ်စက်ရုံ)၊CNN (ဇာထိုးပန်းထိုးစက်ရုံ)၊ Hi Mo ( ဆံပင်တုစက်ရုံ ) အလုပ်သမားအရေးဖြေရှင်းနိုင်ခဲ့ပြီး ၊ စံကောင်း(ပလပ်စတစ်စက်ရုံ)အရေး ဆက်လက်ဖြေရှင်းရန်ကျန်ရှိလျှက်ရှိသည်။ ။


သတင်းရင်းမြစ်    Yangon Press International (YPI)

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။