အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Friday, June 22, 2012

လွှတ်တော်အမတ်တဦး၏လက်နက်ကိုင်အဖွဲ့ ပြည်ထောင်စုလမ်းမပေါ် ပိုက်ဆံစောင့်တောင်း



သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၌ လက်နက်များကိုင်ဆောင်ထားသည့် ကွတ်ခိုင်မြို့ ဌာနေတိုက်ခိုက်ရေး ရဲတပ်ဖွဲ့က  မူစယ်မှ လားရှိုး အတက်/အဆင်း ယာဉ်များထံမှ ပိုက်ဆံစောင့်တောင်းနေကြောင်း မူစယ် - လားရှိုး ခရီးသွားများက ပြောသည်။
“သူတို့စလုပ်လာတာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကဘဲ။ အသွားတုန်းက မတွေ့ရဘူး၊ ကျနော် ဗုဒ္ဓဟူးနေ့က ပြန်လာတော့ တီခွန်မြတ်ရဲ့ကွတ်ခိုင်ပြည်သူ့အဖွဲ့ကပေါ့။ နမ့်ဖတ်းကာမတိုင်ခင်မှာတနေရာ နမ့်ဖတ်းကာနဲ့ ကွတ်ခိုင်ကြားက လွယ်ဖတ်းလိန်းမှာ တနေရာစောင့်ပြီးကောက်နေတယ်” ဟု မူစယ်မှလာသည့်ခရီးသည် အမျိုးသားတဦးကပြောသည်။မူစယ်မှလာသည့် ဆိုင်ကယ် အသစ်များအား တစီးလျင် ကျပ် ၁၀ဝ၀ ၊ ဗင်ကား၊ ခရီးသည်တင်၊ ကုန်တင်ကား၊ ၁၀ ဘီးကားကြီးများကိုလည်း အရွယ်အစား အလိုက် တစီးလျင် ကျပ် ၅၀ဝ၀ မှ ကျပ် ၁၀ဝ၀ဝ အထိ ကောက်ယူနေ ကြောင်း လားရှိုးကားဆရာ တဦးက လည်းပြောသည်။ကားကြီးကားငယ်နှင့်ကုန်ကားများမပါသေးဘဲ တရက်လျင် မူစယ်မှ လားရှိုးသို့ အဆင်းချည်းဆိုင်ကယ် (ပျှမ်းမျှ) အစီးရေ ၃၀ဝ ခန့်ရှိကြောင်း မူစယ်- လားရှိုး ဆိုင်ကယ်ကယ်ရီသမား များကပြောသည်။“ဆိုင်ကယ် အစီး ၃၀ဝ ရှိတယ်ဆိုတာက ကယ်ရီတင်တဲ့အရေအတွက်ပါ မပါသေးဘူး။ တရုတ်ဆိုင် ကယ်တွေကို ကျနော်တို့ ဆိုင်ကယ်တစီးပေါ်မှာ ၂ စီး- ၃ စီးအထိ တင်ကြတယ်လေ။ အဲတာတွေပါရင် အစီး ၃၀ဝ ဘယ်က မလဲ” ဟု ゞင်းကဆက်ပြောသည်။ယခုကဲ့သို့ အခွန်စောင့်ကောက်နေ သည်မှာ မြန်မာအာဏာပိုင်များ၏ ဆင့်ဆိုမှုဟုပြောသော်လည်း အဆိုပါ ကွတ်ခိုင်ပြည်သူ့စစ်တပ်ဖွဲ့ဝင်ငွေအတွက်သာ ဖြစ်ပုံရကြောင်း ကယ်ရီသမားများက ပြောသည်။ကွတ်ခိုင်ပြည်သူ့ဌာနေ တိုက်ခိုက်ရေး ရဲတပ်ဖွဲ့ခေါင်းဆောင် ဥပဒေညွှန်ကြားရေးမှူး ဦးတီခွန်မြတ်မှာ ကွတ်ခိုင် မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တဦးလည်းဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုပူးတွဲဥပဒေကြမ်းကော်မတီ၏ ဥက္ကဌလည်းဖြစ်ပါသည်။ ဤအခွန်ကောက်ခံမှုနှင့် ဦးတီခွန်မြတ်ပတ်သက် သည် မပတ်သက်သည်ကိုမူ စုံစမ်းဆဲဖြစ်ပါသည်။

သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်       

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။