အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, June 18, 2012

လျှပ်စစ်မီးရကြောင်း စာရင်းပေါက်လို့ အခက်တွေ့နေရ

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်းက ဆာဇန် ကျေးရွာမှာ ၂၀၀၉ ခုနှစ်က ကျေးရွာ လျှပ်စစ်မီး ရရှိတဲ့ အထိမ်းအမှတ် ဖွင့်ပွဲ ပြုလုပ်ပြီးပေမဲ့ အမှန်တကယ် မီးမရတာကြောင့် ဖြစ်စဉ်အမှန်ကို ထပ်ပြီးတင်ပြဖို့ အခက်အခဲတွေ့နေရတယ်လို့ ချင်းတိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး (၂) ဦးရှိန်းထွန်း က ပြောဆိုပါတယ်။
(Photo: AFP)
ရန်ကုန်မြို့တွင် လျှပ်စစ် ဂျင်နရေတာကို စက်နှိုးနေသော ကလေးတဦး ဖြစ်ပါသည်။ မြန်မာ တပြည်လုံး လျှပ်စစ်ဓာတ်အား အကြီးအကျယ် လိုအပ်နေသော်လည်း ထွက်သမျှ သဘာဝဓာတ်ငွေ့ကို အခြားနိုင်ငံ များသို့ ရောင်းချနေခြင်းမှာ ပြည်သူလူထု မကျေနပ်စရာ အချက်တခု ဖြစ်ပါသည်။ (Photo: AFP)
အဲဒီရွာမှာ ၂၀၀၉ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့က   စစ်အစိုးရ လက်ထက် လျှပ်စစ်ဝန်ကြီး ဦးဝင်းမြင့်၊ ယခု လက်ရှိ ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးကျင်လင့်ပေါင်၊ မြို့နယ် နအဖဥက္ကဌဟောင်း ဦးရာဇာအေး တို့က လျှပ်စစ်မီး ရရှိမှုဖွင့်ပွဲကို ကျေးရွာဘော်လုံးကွင်းမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်၊
ဒါပေမယ့် ဒီလိုဖွင့်ပွဲသာ လုပ်ခဲ့ပြီး အမှန်တကယ် မီးမရရှိတဲ့အပြင် ဒီကျေးရွာမီး ရရှိပြီးပြီ ဆိုတဲ့စာရင်း က ပြည်ထောင်စု အစိုးရမှတ်တမ်းမှာ ပါရှိသွားခဲ့တာကြောင့် ထပ်မံပြီး တင်ပြလျှောက်ထားဖို့ ခက်ခဲနေတာ လို့ ဦးရှိန်းထွန်းက ပြောပါတယ်။

“အဲဒီရွာက လျှပ်စစ်မီးရတဲ့ ပြည်ထောင်စုစာရင်းထဲမှာ ပါသွားတဲ့အခါကြတော့ လျှပ်စစ်နဲ့ ပတ်သက်လို့ သူတို့ဘာမှ တောင်းခံလို့လည်း မရတော့ဘူးပေါ့နော်၊ ပိုဆိုးသွားတာက အဲဒီအချိန်တုန်းက မြို့နယ် ဥက္ကဋ္ဌ တာဝန်ယူတဲ့ ဦးရာဇာအေးကနေ ခင်ဗျားတို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမဟကြနဲ့။ ဟလို့ရှိရင် နိုင်င?|Oί_gո]w်မှုနဲ့ အကုန်လုံး ထောင်ချပစ်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့အခါကြတော့ ရွာသားတွေ အနေနဲ့က ဒီနေ့ထက်ထိ ဘာမှမဟရဲဘူး ဖြစ်နေတယ်။”

ဒီလိုဖွင့်ပွဲပြုလုပ်ဖို့ အတွက် ကျေးရွာကနေ တအိမ်ထောင်ကျပ် (၂၀၀၀) နှုန်းနဲ့ကောက်ခံပြီး ဖွင့်ပွဲ ကုန်ကျစရိတ်ကို စိုက်ထုတ်ခဲ့ရတာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်    RFA      

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။