အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, June 27, 2012

လယ်ယာ ကဏ္ဍနှင့်ပတ်သက်သည့် ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ပြု

လယ်ယာ ကဏ္ဍဖွံ့ ဖြိုး တက်စေရန် ဓာတ်မြေ သြဇာ ပိုးသတ် ဆေးနှင့် လယ်ယာ သုံးစက် ကရိယာများ အပါအ၀င် လယ်ယာ သုံး စက်ပစ္စည်းများ ကို ပြည်ပမှ တင်သွင်းခြင်းနှင့် ပြည်တွင်း ထုတ်လုပ်ရောင်း ချခြင်းတို့အပေါ် ကျသင့် သည့် ကုန်သွယ် လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့်ပြု လိုက်ပြီဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဌာနပြည်တွင်း အခွန်များ ဦးစီးဌာန မှ သိရသည်။

အဆိုပါ ကင်းလွတ်ခွင့်ကို ဇူလိုင် (၁) ရက်နေ့မှ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ အထိ အကျိုးသက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

"အရင်တုန်းက ပေးဆောင်နေရတဲ့ ကုန်သွယ်လုပ်ငန်းခွန် ၅ % ကို အခုသတ်မှတ်ကာလအတွင်း လုံးဝခွင့်ပြု လိုက်တာပါ " ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကြည်မိုး ကပြောသည်။

၂၀၁၂ ခုနှစ်ဇွန်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၂၂/၂၀၁၂ တွင် ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီး ဌာနမှ ပြည်တွင်း လယ်ယာ ကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရန် အတွက် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈၊ပုဒ်မခွဲ (က) အရ အမိန့်ကြေညာစာထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။

သတင်းရင်းမြစ်   Yangon Media Group

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။