အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, June 13, 2012

တည်ငြိမ်ရေး ရခိုင် ပါတီ တောင်းဆို





ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် က သတင်းစာ ရှင်းလင်းပွဲ လုပ်ပီး အခြေအနေ တည်ငြိမ်အောင် အစိုးရ၊ ပါတီ တွေနဲ့ ၈၈ မျိုးဆက်လို အဖွဲ့အစည်းတွေ ပူးတွဲ လုပ်ကြဖို့ 7x_[wါတယ်။လက်ရှိ အခြေအနေမှာ အရေးပေါ် ကြေညာ ထားပေမယ့် ထင်သလောက် တည်ငြိမ် မလာ သေးဘူးလို့ ALD ရခိုင် ပါတီ ဥက္ကဋ္ဌဌ ဦး အေးသာအောင်က ဘီဘီစီကို ပြောကြား ပါတယ်။တချို့ ဒေသတွေမှာ မဖြစ်ခင်က ကြိုတင် ကာကွယ် တဲ့အနေနဲ့ လုံခြုံရေး ချထား စေလိုကြောင်းလဲ ပြောကြား ပါတယ်။သံဃာ့ မဟာ နာယက အဆင့်ဆင့်၊ အစ္စလာမ် ဘာသာရေး အဖွဲ့ အဆင့်ဆင့် စတဲ့ ဘာသာရေး ဆိုင်ရာ အသီးသီး ထိန်းသိမ်း သွားတာက ပို ထိရောက်မယ် လို့လဲ သူက ဆိုပါတယ်။ALD ဟာ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲ က ရခိုင် ပြည်နယ်မှာ အများစု အနိုင်ရ ခဲ့ပါတယ်။

သတင်းရင်းမြစ်   BBC

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။