အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, June 26, 2012

သမ္မတ ဦးသိန်းခရီး၏ ခရီးစဉ်အတွင်း ဒုက္ခသည် အရေး အဓိက ဆွေးနွေးမည်ဟု ဘင်္ဂလာဒေခ်ျ့က ပြော

ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည့် သမ္မတ ဦးသိန်းစိန်၏ ၃ ရက်ကြာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရောက်ရှိနေသော မွတ်ဆလင် ဒုက္ခသည် အရေးကို အဓိကထားဆွေးနွေး မည်ဟု ဘင်္ဂလာဒေခ်ျ့ဘက်က ထုတ်ဖေါ် ပြောကြားသည်။

ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့မှ သတင်းစာ အများအပြားတွင် ဦးသိန်းစိန် ဘင်္ဂလာဒေခ်ျ့သို့ လာရောက် လည်ပတ်မည့် သတင်းကို ဖေါ်ပြရာ ဒုက္ခသည်အရေးမှာ နှစ်နိုင်ငံ အကြား နံပတ်တစ် ဆွေးနွေးမည့် အစီအစဉ် ဖြစ်ကြောင်း ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့မှ ကူတို့ပလောင်နှင် နာယာပါရာ ဒုက္ခသည် စခန်းတွင် ယူအန် အသိအမှတ်ပြု ဒုက္ခသည် ၂၈၀၀၀ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရေးကို ဘင်္ဂလာဒေခ်ျ့မှ တွန်းအားပေး ဆွေးနွေးနိုင်ကြောင်း  သတင်းများ က ဖေါ်ပြသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မွတ်ဆလင် ဒုက္ခသည်များ အပြင် ယူအန် အပါအ၀င် ကမ္ဘာနိုင်ငံများက လုံးဝ အရေး မစိုက်ပစ်ပယ်ထားသဖြင့် ဒုက္ခ အထူးရောက်နေကြသော ယူအန်ကဒ် ကိုင်ဆောင်ထားသူ ရခိုင်၊ ချင်း ဒုက္ခသည် ၃၀၀ ခန့်ရှိရာ ထိုသို့သူများ၏ အရေးကိစ္စမှာ ယခု ဆွေးနွေးမည့် ကိစ္စတွင် ပါဝင်မူ ရှိ မရှိကို မသိရသေးချေ။
သမ္မတ ဦးသိန်းစိန် ခရီးစဉ်အတွင်း စွမ်းအင်ကိစ္စ၊ လမ်းပန်းဆက်သွယ်ရေး တိုးမြှင့်ရေးကိစ္စ၊ စီးပွား ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် တခြား နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ် များကို ဆွေးဆွေးမည်ဟု ဆိုသည်။
သမ္မတ ဦးသိန်းစိန် ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်သည် ဇူလိုင်လ ၁ ရက်မှ ၂ ရက်နေ့ထိ ဘင်္ဂလာဒေခ်ျ့သို့ လာရောက်မည် ဖြစ်သည်။
သမ္မတကြီး ဦးသိန်းစိန်၏ သုံးရက်ကြာ ခရီးစဉ်မှာ ရခိုင်တွင် ဆူပူမူ အကြမ်းဖက်ဖြစ်ပွားပြီးနောက်ပေါ်ပေါက်
လာသဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များအနေဖြင့် နယ်စပ် လုံခြုံရေးကိုလည်း အဓိကအလေးထား ဆွေးနွေး
နိုင်ေ ကြာင်း လေ့လာ အကဲခတ်သူများက ပြောဆိုသည်။

သတင်းရင်းမြစ်း  နေရဉ္ဇရာ

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။