|
|
|
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများကြောင့်
ရခိုင်ပြည်နယ် အတွင်း ဆောင် ရွက်နေသည့် ကျောက်ဖြူ-ကူမင်း ရေနံနှင့်
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ဇွန်လ ၁၃ရက်နေ့မှ စ၍
ခေတ္တရပ်ဆိုင်းထားကြောင်း လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ အချို့ထံမှ သတင်း
ရရှိပါသည်။''အခြေအနေတွေအရ လုပ်ငန်းဆောင်ရွက်ဖို့ ခက်ခဲတာကြောင့် ခဏ ရပ်နားလိုက်တာပါ။ ပိုက်လိုင်း သယ်ယူပို့ဆောင်မှုပိုင်းရော သွယ်တန်းမှုပိုင်းပါ ရပ်ထားတယ်။ တည်ငြိမ်အေးချမ်းသွားတာနဲ့ လုပ်ငန်းပြန်စ မှာပါ။ ကျန်တဲ့နေရာတွေကတော့ ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နေပါတယ်''ဟု ရွှေရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် ပါဝင်လုပ်ဆောင်နေသည့် လုပ်ငန်းရှင်တစ်ဦးကပြောကြား ပါသည်။ ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်နေ သောကြောင့် မြန်မာအစိုးရက ထုတ်ပြန်ခဲ့သည့် ပုဒ်မ ၁၄၄၊ ည မထွက်ရအမိန့်များနှင့် အရေးပေါ် အခြေအနေ ကြေညာချက်များအရ လုပ်ငန်း များဆောင်ရွက် ရန် ခက်ခဲသည့်အတွက် ခေတ္တရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများပြန် လည်စ တင်ပါက ပါဝင်လုပ်ဆောင်နေသည့် ကုမ္ပဏီများကိုအကြောင်းကြားသွား မည်ဖြစ်ကြောင်း ကြေညာထား သည်ဟု သိရပါသည်။ရွှေစီမံကိန်းတွင် ဒေ၀ူး အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းက ၅၁ ရာခိုင်နှုန်း၊ အိန္ဒိယ Oil and Natural Gas Corp က ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) က ၁၅ ရာခိုင်နှုန်း၊ အိန္ဒိယ GAIL က ၈ ဒသမ ၅ရာခိုင်နှုန်းနှင့် တောင်ကိုးရီးယား Korea Gas Corporation က ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် အစုရှယ်ယာများ ပါဝင်ထားပြီး ၂၀၁၃ ခုနှစ် မေလတွင် ကျောက်ဖြူ- ကူမင်း သွယ်တန်းလျက်ရှိသည့် ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ စတင်တင်ပို့ရောင်းချနိုင် မည်ဟု မျှော်မှန်း ထားကြောင်း သိရပါသည်။ ရခိုင်ကမ်းလွန်ရှိ ရွှေ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း ကမ်းလွန်လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၄ ဒသမ ၅ ထရီလျံမှ ၇ ဒသမ ၇ ထရီလျံကြားရှိနိုင်ကြောင်း ခန့်မှန်းထားပြီး စီမံကိန်းမှ နှစ်ပေါင်း ၂၅ နှစ်၊ နှစ် ၃၀ အတွင်း တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၅၀၀ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ရွှေ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့် မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတို့ကို ဟွန်ဒိုင်း ကုမ္ပဏီ၊ CNPC(China National Petroleum Corporation)၊ CPP(China Petroleum Pipeline Bureau) နှင့် မြန်မာကုမ္ပဏီ IGE စသည့် ကုမ္ပဏီများက ပါဝင်ဆောင်ရွက်လျက်ရှိပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ပိုက်လိုင်းသွယ်တန်းမှုတွင် အစုရှယ်ယာ ၇ ရာခိုင်နှုန်း ပါဝင်ထားပါသည်။ သတင်းရင်းမြစ်း Eleven Media Group |
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသော အခြေအနေများကြောင့်
ရခိုင်ပြည်နယ် အတွင်း ဆောင် ရွက်နေသည့် ကျောက်ဖြူ-ကူမင်း ရေနံနှင့်
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ဇွန်လ ၁၃ရက်နေ့မှ စ၍
ခေတ္တရပ်ဆိုင်းထားကြောင်း လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီ အချို့ထံမှ သတင်း
ရရှိပါသည်။
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။