အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, June 11, 2012

အရေးပေါ်အခြေအနေကြေညာထားသော်လည်း မောင်တောမြို့ ရပ်ကွက် ၂ နှင့် ၄ ရပ်ကွက်တွင် မီးများစတင်လောင်ကျွမ်း



ရန်ကုန်၊ဇွန် ၁၁

အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာထားသော မောင်တောမြို့နယ် ရပ်ကွက် ၂ နှင့် ၄ ရပ်ကွက်တို့တွင် ယခု မနက် ၉ နာရီ ၁၅ မိနစ်မှစတင်ပြီး ရှို့မီးများ စတင်လောင်ကျွမ်းနေပြီး အခင်းဖြစ်ပွားနေသော နေရာသို့ တပ်မတော်စစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များသွားရောက်နေကြောင်း မောင်တောမြို့၊ အလိုတော်ပြည့် ဆရာတော် ဦးမဏိသာရက Venus News Weekly သို့ အတည်ပြုမိန့်ကြားသည်။

“၂ ရပ်ကွက်နဲ့ ၄ ရပ်ကွက်က မြို့ထဲကယ်ဆယ်ရေးစခန်းနဲ့ တစ်မိုင်လောက်ပဲ ဝေးတယ်။ အခုမီးခိုးလုံးကြီးတွေမြင်နေရတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားနေပါပြီ။ လောင်တာ ၁၅ မိနစ်လောက်ရှိနေပြီ” ဟု ဆရာတော်က ဆိုသည်။
 
သတင်းရင်းမြစ်   Venus News Weekly
 
 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။