အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, June 17, 2012

နေပြည်တော်မှ အင်တာနက်ဖုန်းအသုံးပြုသူများ ဆိုင်များကိုသာ အားကိုးနေရဆဲ

နေပြည်တော်ဒေသတွင်း မိုဘိုင်းဖုန်းအင်တာနက် တပ်ဆင်အသုံးပြုရာတွင် အင်တာနက်မြန်နှုန်း နှေးကွေး
 နေခြင်းကြောင့်   လျှောက်ထားအသုံးပြုသူများအနေဖြင့် အင်တာနက်ဆိုင်များကိုသာ အားထားနေရ ဆဲဖြစ်သည်။

 “ဖုန်းက အင်တာနက်သုံးလို့ရတယ်ဆိုတော့ သိချင်တာလေးတွေရှိရင် ညဆိုရင်လည်း အဆင်ပြေ တယ်ဆိုပြီး လျှောက်တာ အခုတော့ ဆိုင်မှာပဲ ပြန်သုံးနေရတယ်” ဟု နေပြည်တော်၊ ရွာတော်မှ ကိုဇာကြီးက ပြောသည်။

 မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲခသည် တစ်နာရီလျှင် (၁၂၀) ကျပ်သာ ကုန်ကျသော်လည်း အချိန်ကြန့်ကြာမှု၊ အင်တာနက် လိုင်းနှေးကွေးမှုများ ကြုံတွေ့ရကြောင်း၊ အင်တာနက်ဆိုင်များ၌ သုံးစွဲခ တစ်နာရီလျှင် ကျပ် (၄၀၀) ပေးရသော်လည်း အင်တာနက် လိုင်းမြန်ဆန်မူကြောင့် အချိန်ကုန် သက်သာကြောင်း ဒေသခံများက ဆိုသည်။

 “ဆိုင်တွေမှာ တစ်နာရီသုံးရတာကို ဖုန်းနဲ့ နှစ်နာရီလောက် သုံးနေရရင် အချိန်ပိုကုန်ပိုက်ဆံကုန်တာပဲ။ သုံးစွဲခ ကို အရင်အတိုင်းပဲ   ကောက်ပြီး အင်တာနက်မြန်နူန်းသွက်အောင် လုပ်တာပို အဆင်ပြေမယ် ထင်တယ်။ အခုက အင်တာနက်လိုင်းကလည်း နှေးသေးတယ်။ ပိုက်ဆံကလည်း ပိုကုန်တယ်” ဟု နေပြည်တော်၊ ပျဉ်းမနားပန်းခင်း(၃)မှ ကိုသူရထွန်းက ပြောသည်။
 
မိုဘိုင်းဖုန်းများတွင် အင်တာနက်လျှောက်ထားနိုင်ခြင်းကို ၂၀၁၂ခုနှစ်၊ မေလ(၇)ရက်နေ့တွင် စတင်ခဲ့ကြောင်း နှင့်   နေပြည်တော်ဒေသတွင်း GSM ဖုန်းသုံးစွဲသူများပြီး အင်တာနက်လိုင်း လျှောက်ထား သူ နည်းပါးကြောင်း သိရသည်။
“အင်တာနက် လိုင်းကောင်း၊ မကောင်းဘူးဆိုတာက ဖုန်းဟန်းဆက် အမျိုးအစားနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ ဒါပေမယ့် အင်တာနက် သုံးတဲ့သူရော လျှောက်တဲ့သူလည်းနည်းတယ်” ဟု နေပြည်တော်၊ ပျဉ်းမနား၊ ပေါင်း လောင်း ရှိ Mobile Mate ဖုန်းအရောင်းအဆိုင်က   ပြောသည်။

 GSM 2.75G (EDGE) ဖုန်းအင်တာနက်လျှောက်ထားရာတွင် ကနဦးတပ်ဆင်ခ တစ်သောင်းကျပ်၊ မှတ်ပုံတင် မိတ္တူနှင့် အရောင်းအ၀ယ်စာချုပ် (ငှားရမ်းစာချုပ်)များ လိုအပ်ကာ သုံးစွဲခအနေဖြင့် တစ်မိနစ် (၂)ကျပ်နှုန်း ကုန်ကျသည်။

လက်ရှိတွင် GSM မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲထက် CDMA 800 (EVDO)ဖုန်း အင်တာနက် လိုင်းများမှာပိုမိုဆက်သွယ်မှု အားကောင်းကြောင်း  သုံးစွဲသူများက ဆိုသည်။


သတင်းရင်းမြစ်   Shwe Myitmakha Media Group



No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။