အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Saturday, June 30, 2012

ဆောက်လုပ်ရေး လုပ်သားများ နှစ်ရက်စာ လုပ်ခမရ၍ ဆန္ဒပြ

ဓာတ်ပုံ - အောင်သူရ  7Day News Journal
တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ က ဆောက်လုပ်နေသော မုဒိတာ (၂)တန်ဖိုးနည်းအိမ်ရာ စီမံကိန်း မှ ထောင်ဂဏန်းခန့်ရှိသော လုပ်သားများသည် နှစ်ရက်စာလုပ်ခ လစာမရသဖြင့် ဇွန်လ ၂၈ ရက် နံနက် ၈ နာရီမှစ၍ ဆန္ဒပြနေကြသည်။

“နှစ်ရက်ကိုနားလိုက်ပါ (တနင်္လာ၊ အင်္ဂါ) ဗုဒ္ဓဟူးနေ့ကျရင် ပြန်ဆင်းသုံးရက်ခကို အပြည့်ပေး မယ်လို့ ပြောတယ်။ ဆင်းတဲ့အခါကျတော့ နှစ်ရက်ခလည်း မပေးတဲ့အတွက် ဆန္ဒပြကြတယ်”ဟု အဆိုပါ စီမံကိန်း တွင် လက်သမားတစ်ဦးဖြစ်သူ ကိုမောင်မောင်ထွန်းက ပြောသည်။

ထို့ကြောင့် အလုပ်သမားများသည် ယနေ့နံနက်မှစ၍ ဆန္ဒပြခဲ့ပြီး ဆနပြအလုပ်သမားထဲမှ ခေါင်းဆောင် ၁၃ ဦးအား ယနေ့နံနက် ၁၀ နာရီခန့်တွင် တော်ဝင်ဆောက်လုပ်ရေးက ညှိနှိုင်းခဲ့ကြသည်။

ထိုသို့ ညှိနှိုင်းရာတွင် လုပ် သားအားလုံးကို အလုပ်ပြန်ခန့်မည်ဖြစ်ပြီး နှစ်ရက်စာ လုပ်အားခကို ပြန်ပေး မည်ဖြစ်ကာ အပြစ်ရှိသူကိုဖြုတ်၍ လုပ်သားများကို သင်တန်းပေးမည်ဟု ကုမ္ပဏီဘက်မှ တာဝန်ရှိ သူက ပြောကြားခဲ့သည်။သို့သော် လုပ်သမားအ များစုမှာ ထိုပြောကြားမှုကို မယုံ ကြည်ဘဲ နစ်နာကြေး ရရန်သာ တောင်းဆိုနေကြပြီး အလုပ်သမား ခေါင်းဆောင် ၁၃ ဦးနှင့် ဒုတိယအကြိမ် ထပ်မံညှိနှိုင်းနေ ကြသည်။

သတင်းရင်းမြစ်   7 days News  

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။