အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Thursday, June 7, 2012

တိုက်ပွဲရပ်စဲရေး သမ္မတထံ လိပ်မူ၍ ကချင်ကျောင်းသားများတောင်းဆို


မေ ၅ ရက်။ ကျောင်းသားများ ဗန်ကောက် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေပုံ။


ကချင်ပြည်နယ်တွင်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းသည် လူမှုဘေးဒုက္ခကို ဖြစ်ပေါ်စေသောကြောင့် ချက်ချင်းရပ်တန့်ပေးရန် နိုင်ငံတော်သမ္မတထံ လိပ်မူ၍ ကချင်ကျောင်းသားနှင့် လူငယ်သမဂ္ဂ (AKSYU) မှ စာပေးပို့တောင်းဆိုလိုက်သည်။

အသစ်ပြောင်းဖွဲ့စည်းထားသော မြန်မာအစိုးရသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ဆက်လက်၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ဇွန်လ ၉ရက်နေ့တွင် တနှစ်ပြည့်ပြီဖြစ်သောကြောင့် အစိုးတပ်များ တိုက်ခိုက်ခြင်းများရပ်၍ စစ်မှန်သောဆွေးနွေးမှုများပြုလုပ်ရန် ဆန္ဒပြတောင်းဆိုခြင်းဖြစ်ကြောင်း ထိုင်း အခြေစိုက် ကချင်ကျောင်းသားနှင့်လူငယ်သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့် ပြောသည်။

“သမ္မတ ဦးသိန်းစိန်ကို လိပ်မူတဲ့ စာကို သူတို့ သံရုံးရှေ့မှာ ဖတ်ပြတယ်။ ဖတ်ပြီးတော့ သံရုံးတာဝန်ခံကို အဲဒီစာပေးတယ်။ သံရုံးတာဝန်ခံက လက်ခံထားတယ်။”  ၄င်းက ကချင်သတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်သမ္မတထံ လိပ်မူသည့် ၄င်းစာသည် အဓိကအားဖြင့် ကချင်ပြည်နယ်တွင်း စစ်ပွဲများရပ်စဲရေးနှင့် လူမှုဘေးဒုက္ခများရပ်စဲသွားရန်အတွက် အဖွဲ့အစည်းပေါင်း ၇၁ ဖွဲ့က ပူးပေါင်းတောင်းဆိုခဲ့ခြင်း လည်းဖြစ်သည်ဟု ဆိုသည်။မေ ၅ ရက် အဂါင်္နေ့ နံနက်တွင်လည်း ထိုင်းနိုင်ငံ ဘန်ကော က်မြို့ရှိ မြန်မာသံရုံး ရှေ့တွင် ကချင်ကျောင်းသားများမှ ဦးဆောင်၍ လူအင်အား ၄၀ ဦး ခန့်နှင့် ဆန္ဒပြတောင်းဆိုခဲ့ကြသေးသည်။

နိုင်ငံတကာတွင်ရောက် အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများလည်း အပစ်ရပ်ရေးနှင့်ပတ်သက်၍ ဇွန် ၇ ရက်မှ ၁၄ ရက်ကြားတွင် ငြိမ်းချမ်းရေး လှုပ်ရှားမှုများကို အသီးသီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။၂ဝ၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင်လည်း မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သော တနှစ်ပြည့် အထိမ်းအမှတ်အစီစဉ်များကို ကမ္ဘာတဝှမ်း တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း ဆက်လက်သိရှိရသည်။

သတင်းရင်းမြစ်   Kachin News.com

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။