အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Monday, June 18, 2012

NDF ဖွဲ့စည်းပုံပြောင်း ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ဖြစ်လာ


ရန်ကုန် (မဇ္ဈိမ) ။       ။ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီ၏ ဥက္ကဋ္ဌအဖြစ် နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေ အား တာဝန်ပေးအပ်ပြီး ပါတီကို ပြန်လည် ဖွဲ့စည်းလိုက်သည်။

တနင်္ဂနွေနေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်တွင် ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်း အဝေးမှ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အသစ်ဖွဲ့စည်းလိုက်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွင် ဒု-ဥက္ကဋ္ဌ ဦးစိုးဝင်း၊ အတွင်းရေးမှူး ဒေါက်တာ ဝင်းနိုင်နှင့် ဘဏ္ဍာရေးမှူး ဦးကြည်သန်းတို့ ပါဝင်ကြသည်။
Ukhinmgshwe
ပါတီစတင် တည်ထောင်စဉ်က ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာ သန်းငြိမ်းမှာ ပါတီခေါင်းဆောင်အဖြစ် ပြောင်းလဲ တာဝန်ယူသည်။ ဦးခင်မောင်ဆွေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ပါတီ မူဝါဒရေးရာကော်မတီကိုလည်း အဆိုပါအစည်းအဝေး၏ အတည်ပြုချက်ဖြင့် ဖျက်သိမ်းလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်၍ ၂ဝ၁ဝ ဇန်နဝါရီလအတွင်းက ဖွဲ့စည်းခဲ့သည့် NDF ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဒု-ဥက္ကဋ္ဌ ဒေါက်တာလှစိုးညွန့်၊ ဦးမြင့်သွင်၊ ဦးမျိုးဇော်အောင်၊ ဒေါက်တာ သန်းဝင်း၊ ဦးမြင့်ငွေ၊ ဦးခင်မောင်ဝင်း၊ ဦးသောင်းထွန်တို့မှာ ပါတီမှ နုတ်ထွက်ခဲ့ကြသည်ဟုလည်း သိရသည်။

သတင်းရင်းမြစ်    မဇ္ဈိမ     

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။