သံတမန်တွေ နဲ့ တခြားတာဝန်ရှိသူ ၂ သောင်းခွဲလောက်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ
ကျင်းပမယ့် နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ညီလာခံမှာ စုဝေးတွေ့ဆုံကြမှာ
ဖြစ်ပါတယ်။
၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ၀ါရှင်တန်
၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ၀ါရှင်တန်
မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။
ဝါရှင်တန်မြို့တော်ဟာ အမေရိကန်နိုင်ငံမှာ HIV ရောဂါပိုး
အများဆုံးရှိနေတဲ့
မြို့တွေထဲက တခုဖြစ်ပါတယ်။
အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီ ကလင်တန်၊ အရင် သမ္မတဟောင်း
အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီ ကလင်တန်၊ အရင် သမ္မတဟောင်း
ဘီလ်ကလင်တန် နဲ့
သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာဖြစ်
ပါတယ်။
မိန့်ခွန်းပြောကြားမယ့် တခြား ထိပ်တန်း ပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ
Jim
Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။
ကမ္ဘာပေါ်မှာ HIV/AIDS ရောဂါဖြစ်နေသူ ၃၄ သန်းရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဒီရောဂါကြောင့်
ကမ္ဘာပေါ်မှာ HIV/AIDS ရောဂါဖြစ်နေသူ ၃၄ သန်းရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဒီရောဂါကြောင့်
သေဆုံးသူ ၁.၇ သန်းရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
သတင်းရင်းမြစ်
း VOA
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။