အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, July 3, 2012

သတင်းထောက်ယဉ်ယဉ်သိန်း(နဘား) တရားစွဲခံရခြင်း


ယခုတစ်လောအတွင်း သတင်းဂျာနယ်များ အပေါ်တရားစွဲဆိုမှုများ စဉ်ဆက်မပြတ်ဖြစ်ပေါ်လျက်ရှိသည်မှာ ထူးခြားမှုဖြစ်စဉ်များဟု ပြောဆိုသုံးသပ်လျက်ရှိနေကြသည်။ Hot News ဂျာနယ် ၊ မော်ဒန်ဂျာနယ် ၊ The Voice ဂျာနယ် ၊ လျှပ်တစ်ပြက်ဂျာနယ် တို့ အစဉ်တစိုက် မှုရင်ဆိုင်ခဲ့ကြရသည့် ဖြစ်ရပ်များ ကြုံကြိုက် ခဲ့ကြရသည်။

ယခုတစ်ဖန် ထပ်မံပြီးလည်း လျှပ်တစ်ပြက်ဂျာနယ်၌ ပင်တိုင် သတင်း ၊ဆောင်းပါးများ ရေးသားလျက်ရှိသော ယဉ်ယဉ်သိန်း (နဘား)၏ လျှပ်တစ်ပြက် ၊ အတွဲ(၃) ၊ အမှတ် (၈၇) တွင် ဖော်ပြပါရှိသည့် “ KIA တပ်ဖွဲ့၏ ပြန်ပေးဆွဲ ခံရသူများထဲမှ ပြန်လည်လွတ်မြောက်လာခဲ့သူ မိန်းမပျိုတစ်ဦး” အင်တာဗျူးဆောင်းပါး အား ပုဒ်မ ၅၀၀ ဖြင့် အင်းတော်မြို့နယ်တရားရုံးမှာ ဇူလိုင် (၂ရ) ရက်နေ့ က တရားစွဲခဲ့သဖြင့် အမှု ရင်ဆိုင်ခဲ့ရသည်။

 “ ဒီလိုသတင်းမျိုးကို ရေးသားဖော်ပြရတယ်ဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်က လိုလို လား လား ရေးသားပေးစေချင်လို့ သူက စေတနာ နဲ့ ဂျာနယ် မှာ စာနယ်ဇင်းကျင့် ၀တ်နဲ့ အညီ ရေးခဲ့ တာပါ။ KIA ဖမ်းခဲ့ထားရတော့ သူတို့ သမီးအတွက် စိတ်ပူနေကြတော့ သားသမီးချင်း စာနာပြီး သက်ဆိုင်ရာ က ပုဂ္ဂိုလ်တွေ အနေနဲ့ အချိန်မီ အတောအတွင်း ကူညီနိုင်အောင်လို့ ရေးပေးခဲ့တာလေ။ ဓာတ်ပုံ အထောက်အထားတွေ ၊ ဗီဒီယိုရိုက်ထားတဲ့ ဖိုင်တွေထဲ မှာ သူတို့ ပြောပြတာတွေ အတိုင်း အတိ အကျ ဖော်ပြပေးခဲ့တာပဲရှိတယ်။ တစ်ခြားဘာမှ နစ်နာထိခိုက်စရာတွေ မပါပါဘူး ဟု ဒေါ်ယဉ်ယဉ်သိန်း၏ ခင်ပွန်းသည် ဦးသက်နိုင်ထွန်းမှ ပြောပြသည်။ ဒီဖြစ်စဉ်ကတော့ ဘာမှ မဆန်းပြားပါဘူး။ အထက်က တာဝန်ရှိသူတွေက ကျေးလက်က အုပ်ချုပ်သူတွေကို မင်းတို့ အသုံးမကျရကောင်း လားဆိုပြီး ငေါက်ငန်း ဆူပူတာမျိုး လုပ်လိုက်တော့ အကြောင်းအမျိုးမျိုး နဲ့ ဖိအား အပေးခံရပြီး အခုလို တရားစွဲတဲ့ အဆင့် အထိ ရောက်ရှိလာတာပါပဲ။ အဓိက အနေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးက နှစ်ဦးနှစ်ဖက်အကြားပြေလည် ရာ ပြေလည်ကြောင်း ရှင်းလင်းမပေးဘဲ တရားရုံးရောက်ရှိစေတဲ့ အဆင့်အထိ တွန်းပို့ လိုက်တာမျိုးက အတော်အရုပ်ဆိုး ပါတယ်။ အခုက ဘာတွေဖြစ်နေလံဆိုတော့ ထစ်ကနဲ့ ရှိရင် ဂျာနယ်တွေကို တရားစွဲ လို့ရတယ်ဆို ပြီး လုပ်ပေါက်တစ်မျိုးလို ဖြစ်နေတာက စိတ်မကောင်းစရာ ပဲပေါ့ဗျာ ဟု အင်းတော်မြို့နယ် စာေ၇း ဆရာအသင်းဥက္ကဌ ဦးတင်ရွှေ(ဇွဲမြင့်နိုင် ၊ အင်းတော်) မှလည်းပြောကြား သည်။ ယဉ်ယဉ်သိန်း (နဘား)  မှ အင်းတော်မြို့နယ်အား ကိုယ်စားပြု၍ စာနယ်ဇင်းမျိုးစုံတင် ပြုပြင်ရေး ၊ ယဉ်ကျေးမှု ၊ ဘာသာရေး နှင့် သတင်းဆောင်းပါးများစွာကို အစဉ်တစိုက်ရေးသားနေဆဲ စာရေးဆရာမ တစ်ဦး လည်းဖြစ်သည်။

 ဒေါ်ယဉ်ယဉ်သိန်း ၏ လျှပ်တစ် ပြက်ဂျာနယ်ပါ တရားစွဲခံရသော ဆောင်းပါးမှာ နှစ်ဖက်ပစ်ခက်မှုများ ကြား၌ စစ်ဘေးဒဏ်ခံ နေရသူများ နှင့် ပြန်ပေးဆွဲခံရသူတို့၏ ဒုက္ခဖြစ်စဉ်များ အပေါ် ငဲ့ညှာထောက် ထား သော စာနာမှုဖြင့်ရေးသားခဲ့ခြင်းသာဖြစ်သည်။ တစ်စုံတစ်ဦးအပေါ်မဟုတ်တန်တရားရေးသား ထားချက် များ မပါရှိသည့် အပြင် နိုင်ငံတော်အစိုးရ အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုစေသော ရေးသား မှုမျိုးဖြင့် စတုတ္ထမဏ္ဌိုင် ပီပြင်မှုကို မီးမောင်ထိုးပြပေးချင်သာဖြစ်သည်။ အင်းတော်တရားရုံးမှ ဇူလိုင်(၄)ရက်နေ့ သို့ ထပ်မံချိန်းဆိုထားသည်ဟု သတင်းရရှိပါသည်။

သတင်းရင်းမြစ်   Hot News Weekly    

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။