မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ဦးဆောင်တဲ့
တောင်သူလယ်သမားတွေရဲ့ ငြိမ်းချမ်းစွာ ချီတက် လမ်းလျှောက် ဆန္ဒပြပွဲကို
ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မှာ
စတင်ပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒပြပွဲမှာ လယ်ယာမြေ အဓမ္မသိမ်းယူခံခဲ့ရတဲ့ တောင်သူ (၂၀၀) လောက်
ပါဝင်ခဲ့ပြီး၊ လယ်သိမ်းခံ ရမှုတွေနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေး
အာဏာပိုင်တွေရဲ့ ကိုင်တွယ် ဆောင်ရွက်ချက်တွေကို မကျေနပ်လို့ အခုလို
ဆန္ဒပြရတာလို့ တောင်သူတစ်ဦးက ပြောပါတယ်။
ဆန္ဒပြလယ်သမားတွေဟာ မင်္ဂလာဒုံထောက်ကြန့်မှာရှိတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ရုံးချုပ် ကနေ ပြည်လမ်းအတိုင်း ချီတက်ခဲ့ကြပြီး၊ အမှတ် (၃) လမ်းမကြီးအနီးက ပန်းခြံတစ်ခုမှာ စုဝေးခဲ့ကြ ပါတယ်။
အဲဒီနောက် တောင်သူလယ်သမားတွေနဲ့ ပတ်သက်တဲ့ ကဗျာ ရွတ်ဆိုမှုတွေ၊ ဟောပြောမှုတွေ နဲ့အတူ၊ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ ဆန္ဒပြပွဲဟာ နံန?z|O_Kwင်ခဲ့ပြီး (၁၁) နာရီမှာ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ပါတယ်။

သတင်းရင်းမြစ်
း RFA
No comments:
Post a Comment
မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။