အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, July 18, 2012

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်




လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်
 

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း လုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ ဇူလိုင်လ (၁၄) ရက်နေ့ က ထုတ်ပြန် လိုက်တယ်လို့  သိရပါတယ်။

 အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်ကို ကျော်ရွာ တောင်ဘက် ကြေးနီတူးဖော်ရေး စီမံကိန်း ဂိတ်ဝ အ၀င် နေရာမှာ စိုက်ထူထားပါတယ်။ လုပ်ငန်းခွင်က ထွက်တဲ့ မြေစာတွေ စွန့်ပစ်မှုနဲ့ ပတ်သက်ပြီး ဒေသခံ တောင်သူ လယ်သမား တွေက ၀မ်ဘို တရုတ်ကုမ္ပဏီ လုပ်ငန်းခွင်ရုံးရှေ့မှာ အရင်လအတွင်းက ဆန္ဒပြခဲ့ကြရာမှာ ဒေသခံတွေ တောင်းဆိုတဲ့  အ?xgOɯ_gw>ခရိုင် အုပ်ချုပ်ရေးမှူး၊ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်က တာဝန်ရှိသူ အပါအ၀င် အာဏာပိုင်တွေဘက်က သဘောတူကြောင်း လက်မှတ် ထိုး ခဲ့ပေမယ့် ဝမ်ဘို တရုတ် ကုမ္ပဏီဘက်က မလိုက်နာဘဲ ဆက်လက် လုပ်ကိုင်နေပါတယ်။ 

အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ကြေးနီစီမံကိန်း နေရာမှာ ရဲနဲ့ စစ်တပ်က စောင့်ကြပ်နေ တယ်လို့ အဲဒီ ဒေသခံက ပြောပါ တယ် ။ ဆန္ဒပြခဲ့ကြစဉ်က ဒေသခံတွေနဲ့ သဘောတူလက်မှတ်ထိုးတဲ့ မူရင်း စာရွက်စာတမ်းတွေ ကို Myanmaer News Now မှ ပြည့်အစုံ တင်ပြထားပါတယ်။

သတင်းရင်းမြစ်း  သစ်ထူးလွင်    

Myanmar News Now 7-17-12

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။