အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Wednesday, July 18, 2012

လမ်းဖြတ်ကူးသူတစ်ဦး ကွန်တိန်နာကားနှင့် တိုက်မိပြီး သေဆုံးမှုဖြစ်

ရန်ကုန်မြို့ လမ်းမတော် မြို့နယ် ကမ်းနားလမ်းမပေါ်တွင် လမ်းဖြတ်ကူးသူတစ်ဦး ကွန်တိန်နာကားနှင့် တိုက်မိပြီး တိုက်မိသည့်နေရာမှ  ပေ ၁၀၀ ၀န်းကျင် အကွာအဝေးအထိ တရွတ်တိုက် ပါသွားကာ ပေါင်တစ် ဖက်ပြတ်သွားသည့်ဖြစ်စဉ် တစ်ခု ဇူလိုင်လ ၁၇ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ ဇူလိုင်လ ၁၇ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ် အချိန်ခန့်တွင်လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးမှာ ကမ်းနားလမ်း အတိုင်း မော်တင်ဘက်မှ ပန်းဆိုးတန်းဘက်သို့ မောင်းနှင်လာသော ကွန်တိန်နာ ကားတစ်စီးနှင့် အတိုက်ခံရပြီး ဘုန်းကြီးလမ်းမှ ၁၅ လမ်းထိပ်အထိ ကွန်တိန်နာကား၏ ဘယ်ဘက် အရှေ့ဘီးနှင့် တရွတ် တိုက်ပါသွားပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် နေထိုင်သူ တဦးဖြစ်ကြောင်း သိရသည်။
ကွန်တိန်ကား ယာဉ်မောင်းအား လမ်းမတော်မြို့နယ် ရဲစခန်း၌ ဖမ်းဆီးထားပြီး အမှုဖွင့်စစ်ဆေးလျှက် ရှိကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးထံ မှ သိရသည်။


သတင်းရင်းမြစ်း  Eleven Media Group 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။