အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 22, 2012

နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် စတင်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေး
ခရီးစဉ်အဖြစ် ယနေ့(ဇူလိုင်လ ၂၂ ရက်နေ့) နံနက် ၉ နာရီခန့်တွင် နေပြည်တော်လေဆိပ်မှ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စတင်ထွက်ခွာသွားပြီဖြစ်သည်။

  ခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စု
ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ပြည်ထောင်စု
ဝန်ကြီး ဦးမြင့်လှိုင်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဋ္ဌာန ပြည်ထောင်စု
ဝန်ကြီး ဦးတင်နိုင်သိန်း ၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ၀န်ကြီးဋ္ဌာန ပြည်ထောင်စု
ဝန်ကြီးဦးဝင်းမြင့်၊  အလုပ်သမားဝန်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ
ရာ ချထားရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ စွမ်းအင်ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန်းဌေးတို့နှင့်အတူ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ တနင်္သာရီတိုင်းဒေကြီး ၀န်ကြီး
ချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများ လိုက်ပါလာခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ယခုခရီးစဉ်
တွင် ယခင်ကကဲ့သို့ မြန်မာထိပ်တန်း စီပွားရေး လုပ်ငန်းရှင်ကြီးများ လိုက်ပါခြင်းမရှိဘဲ ရန်ကုန်၊
မုံရွာမှ အလုပ်သမား ကိုယ်စားလှယ်များနှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းတို့မှ
တောင်သူ လယ်သမား ကိုယ်စားလှယ်များ လိုက်ပါခဲ့ကြသည်။

ထိုင်းနိုင်ငံစံတော်ချိန် နံနက်   ၁၁ နာရီကျော်ခန့်တွင် ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်သို့
ရောက် ရှိမည်ဖြစ်ပြီး မွန်းလွဲပိုင်း တွင် Chon Buri ပြည်နယ်  Laem Chabang  ဆိပ်ကမ်းနှင့်
စက်မှု ဖွံ့ဖြိုးမှုဇုံတို့အား သွာရောက်လေ့လာ မည်ဖြစ်ကြောင်း သိရရှိရ  ပါသည်။ ထိုင်းနိုင်ငံသို့
ချစ်ကြည်ရေးခရီးသွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာကိုယ်စား
လှယ် အဖွဲ့အား ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
ဒုတိယချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်လေဆိပ်တွင် ပို့ဆောင်ခဲ့ကြကြောင်း
သိရသည်။

နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သည် ဇူလိုင်လ ၂၂  ရက်နေ့မှ ၂၄ ရက်နေ့ 
အထိ ဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ်    Eleven Media Group 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။