အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Tuesday, July 3, 2012

မုံးကိုးမြို့နယ် စည်ပင်ဌာနမှူး ကို လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖမ်းသွား


သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မုံးကိုးမြို့နယ်ခွဲ စည်ပင်သာယာ ဋ္ဌဌာနမှူးဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုအောင်လွင်ဦးအား ဂျွန်လ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်က အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ စည်ပင်ဋ္ဌဌာနမှူး မုံးကိုးမြို့မှ ကြူကုတ်- ပန်ဆိုင်းမြို့သို့ ထွက်ခွာလာစဉ်လမ်းခရီး၌ ဖမ်းဆီးခံ ရခြင်းဖြစ်ပြီး ယနေ့အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စည်ပင်ဝန်ထမ်း အသိုင်းအဝိုင်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သူ့အမျိုးသမီးကလည်း စည်ပင်ဝန်ထမ်းပဲ ပန်ဆိုင်းမှာတာဝန်ကျတယ်။ သူကတော့မုံးကိုး စည်ပင်မှူးပေါ့။ သူ့မိန်းမဆီသွားတာ လမ်းမှာ KIA က သူ့ကိုဖမ်းသွားတယ် ။သူနဲ့အတူ ငွေ ၃၅ သိန်းလည်း ပါသွားတယ် ဒီနေ့အထိ ပြန်လွတ်မလာသေးဘူး” ဟု ဆိုသည်။

လွန်ခဲ့သည့်လပိုင်းကလည်း မုံးကိုးမြို့နယ်ရဲစခန်းမှ ရဲတပ်သားနေလင်းဆိုသူအား KIA မှဖမ်းဆီးခဲ့ သွားပြီး ယခုပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။ သို့သော် အဆိုပါကိစ္စရပ် များအား ကချင်လွတ်လပ်ရေးအဖွဲ့၏လက်ချက် ဟုတ်မဟုတ် သျှမ်းသံတော်ဆင့်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကချင်ပြည်နယ် နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ၌ KIA နှင့် အစိုးတပ်တို့အကြား နှစ်ဘက်တိုက်ပွဲ များဆက်တိုက် ဖြစ်ပွားနေ သည်မှာ တနှစ်ကျော်ရှိခဲ့ပြီဖြစ်ပါသည်။

သတင်းရင်းမြစ်    သျှမ်းသံတော်ဆင့်

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။