အလည်ရောက်လာကြတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်။ နေ့စဉ်ရရှိသမျှသတင်းတွေကို အတတ်နိုင်ဆုံး တင်ပေးထားပါတယ်။ကျေးဇူးပြု၍ Member ၀င်ပြီး မှတ်ချက်လေးတွေ ထားခဲ့ပေးပါ။ သူငယ်ချင်းတို့ရဲ့ မှတ်ချက်တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ ။ မီးနဂါး

Sunday, July 29, 2012

ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်

လာမည့် ရွေးကောက်ပွဲ များတွင် တစ်ပါတီတည်း အနိုင်ရမှုကို ကာကွယ်ရန် ရွေးကောက်ပွဲ
စနစ်ပြုပြင်ရေးနှင့် ပတ်သတ်၍  ဒီမိုကရေစီ မိတ်ဆွေ ပါတီများက သဘောထား ကြေညာ
ချက် တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့ စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်
တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ေ၇ွးကောက်ပွဲ ကော်မရှင်က ဒါကိုလွှတ်တော် တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေအားလုံး 
ပါ ၀င်လာအောင် လုပ်ပါဆိုပြီးပြောတယ်။   ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီကတော့ 
ဒီသဘောထား ကြေညာချက်ကို လက်မခံ ပါဘူး " ဟု ဒီမိုမိတ်ဆွေ ပါတီတစ်ခုမှ တာဝန်ရှိသူတစ်
ဦးကပြောသည်။

အဆိုပါသဘောထားကြေညာချက်ကို ဖတ်ရှုသိရှိပြီးသူများကလည်း လက်မခံကြောင်းဖြင့် ဝေဖန်
ပြောကြားကြသည်။
 
 
 

No comments:

Post a Comment

မျှဝေသောသတင်းများပေါ်တွင် လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။ ရိုင်းပျသော မှတ်ချက်များ မရေးသားရန် တောင်းဆိုအပ်ပါသည်။